ဘောလခဲမှ ဖရူဆိုသို့ဦးတည်လာသည့် စစ်ကောင်စီယာဥ်တန်းအား ကရင်နီတပ်မတော်(KA)နှင့် KNDF ကြားဖြတ်တိုက်ခိုက်

ဘောလခဲမှ ဖရူဆိုသို့ဦးတည်လာသည့် စစ်ကောင်စီယာဥ်တန်းအား ကရင်နီတပ်မတော်(KA)နှင့် KNDF ကြားဖြတ်တိုက်ခိုက်

ဇွန် ၄

ကရင်နီပြည်နယ် ဘောလဲမြို့မှဖရူဆိုမြို့သို့ဦးတည်လာသော အကြမ်းဖက်စစ်ကောင်စီ၏ မော်တော်ယာဉ် (၄၀)စီးပါ ထောက်ပို့ယာဥ်တန်းကို နန်းဖဲကျေးရွာနှင့် ထားလဲကျေးရွာကြား၌ မေလ ၃၀ ရက် မှ ဇွန်လ ၂ ရက်နေ့အထိ ကရင်နီတပ်မတော်(KA)နှင့် KNDF တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇွန်လ(၂)ရက်နေ့တိုက်ခိုက်မှုတွင် ကရင်နီပူးပေါင်းတပ်က စစ်ကောင်စီတပ်မှ မော်တော်ယာဥ်နှစ်စီး၊ လက် နက်ငယ်လေးလက်၊ Anti-Drone Jammer တစ်လက်၊ လက်နက်ကြီး လက်နက်ငယ်ကျည်အချို့နှင့် မြေမြှုပ်မိုင်းများ သိမ်းဆည်းရမိခဲ့သည်ဟု KNDF က ဇွန်လ ၃ ရက်နေ့က ထုတ်ပြန်ထားသည်။

အလားတူ ဇွန်လ ၁ ရက်နေ့ကလည်း ထားလဲကျေးရွာအနီးသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီယာဥ် တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ငါးဦးသေဆုံး၍ အများအပြားဒဏ်ရာရရှိခဲ့ကာ မေလ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့တိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ်မှ ကားတစ်စီးမီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းက ဖရူဆိုမြို့နယ် တနောကလောကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီ မော်တော်ယာဉ်တန်းနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ မော်တော်ယာဥ်သုံးစီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ငါးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ အထိနာသဖြင့် လေယာဥ်ပစ်ကူနှင့် လက်နက်ကြီးများ ဖြင့် ထားလဲကျေးရွာနှင့် နန်းဖဲကျေးရွာအကြားသို့ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

#Mizzima

#ကရင်နီပြည်နယ်

#စစ်ကောင်စီယာဉ်တန်း

#ကရင်နီတပ်မတော်(KA)

#KNDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required