ဖရူဆို၌ စစ်ကောင်စီတပ်သုံး စစ်ကားကို KNDF သိမ်းဆည်း

ဖရူဆို၌ စစ်ကောင်စီတပ်သုံး စစ်ကားကို KNDF သိမ်းဆည်း

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၌ စစ်ကောင်စီတပ်သုံး စစ်ကားတစ်စီးကို ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၁၆) က သိမ်းဆည်း ရခဲ့သည်။

စစ်ကောင်စီ ယာဉ်တန်းကို KNDF ၊ KA ပူးပေါင်းတပ်က မေလ ၇ ရက်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကား တစ်စီးကျန်နေခဲ့ခြင်း ဖြစ်သည်။ ထိုကားကို မေလ ၁၈ ရက်တွင် ပြန်လည်သွားရောက် ပြုပြင်ပြီး မောင်းနှင်လာခဲ့ခြင်းဖြစ်သည်ဟု တပ်ရင်း(၁၆ ) က ထုတ်ပြန်သည်။

KNDF ထုတ်ပြန်ချက်တွင် တပ်မ (၆၆) မှ CDM ပြုလုပ်လာသည့် စစ်ကောင်စီ တပ်သား အကြောင်းလည်း ပါရှိသည်။ 

အဆိုပါ စစ်ကောင်စီ တပ်သားမှာ မေလ ၁၆ ရက်တွင် ထွက်ပြေးလာခဲ့ပြီး မေလ ၁၇ ရက်တွင် KNDF တပ်ရင်း(၁၆ ) ထံ လက်နက်နှင့် အတူ ခိုလှုံလာခဲ့ခြင်း ဖြစ်သည်။  ၎င်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်ကို မကြာမီ အသေးစိတ် ထုတ်ပြန်သွားမည် ဟုလည်း ဆိုသည်။

KNDF တပ်ရင်း (၁၆)၊  ကရင်နီတပ်မတော် (KA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ မေလ ၁၄ ရက်တွင် ဆက်လက် တိုက်ပွဲ ဖြစ်ခဲ့သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီ ဘက်မှ သုံးဦး သေဆုံးခဲ့ပြီး ကျည်ဆန်နှင့် ပစ္စည်းအချို့ သိမ်းဆည်း ရမိခဲ့ကာ KNDF ဘက်မှ ရဲဘော်တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

#KNDFတပ်ရင်း(၁၆)
#ကရင်နီတပ်မတော်(KA)
#ဖရူဆို
#တပ်မ(၆၆)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly