မတူပီမှ မင်းတပ်သို့ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းမှတပ်သားများ စိတ်ကြွဆေး အလွန်အကျွံ သုံး စွဲထား ဟုဆို

မတူပီမှ မင်းတပ်သို့ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းမှတပ်သားများ စိတ်ကြွဆေး အလွန်အကျွံ သုံး စွဲထား ဟုဆို

မေ ၁၅

ဧပြီလ ၂၇ ရက်နေ့မှစတင်ကာ ချင်းပြည်နယ် မတူပီမြို့မှ မင်းတပ်ဘက်သို့ ထွက်ခွာလာသည့် တင့်ကား နှစ်စီးအပါအဝင် စစ်ယာဉ်တန်း ၇၃ စီးကို ဒေသခံကာကွယ်ရေးတပ် CDF မတူပီနှင့် CDF မင်းတပ်တို့မှ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၈၄ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအချို့မှာ စိတ်ကြွဆေး အလွန်အကျွံသုံးစွဲထားသည်ကို အများ အပြားတွေ့ရသည်ဟု သိရသည်။

“သူတို့(စစ်ကောင်စီတပ်သား) တွေတော်တော်များများ စိတ်ကြွဆေးသုံးစွဲထားကြတဲ့ ပုံတွေ့ရတယ်။ ဒီ လောက် ကိုယ့်ဖက်ကလူတွေသေနေတာကိုလည်း ရယ်နေကြတယ်။ ကိုယ်ရှေ့မှာ ကိုယ့်လူသေနေတာ ကို ကြည့်ပြီး ရယ်နေကြတယ်။ သူတို့ပစ်လိုက်တဲ့လက်နက်ကြီး ပစ်ချက်လွဲသွားရင်လည်း ဝိုင်းပြီးရယ်နေ ကြတာပဲ” ဟု CDF-မင်းတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူ ပြီးခဲ့သည့် မင်းတပ်မြို့တွင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်သားတစ်ဦး သေနတ် ဒဏ်ရာဖြင့် သွေးထွက်လွန်သေဆုံးနေပြီး အဆိုပါသွေးကို လာလျှက်သည့်ခွေးကို မောင်းမထုတ်ဘဲ ထိုင် ရယ်နေကြသည်ဟုလည်း ဆိုသည်။

ချင်းပြည်နယ် မင်းတပ်မြို့တွင် ပထမဆုံးတိုက်ပွဲဟုခေါ်ဆိုသည့် မင်းတပ်ဂေါက်ကွင်းတိုက်ပွဲအတွင်းCDF-မင်းတပ်မှသိမ်းဆည်းရမိသည့် ကားထဲတွင် ယာဘစိတ်ကြွဆေးပြားများ၊ ကာမစိတ်ကြွဆေး အမြောက် အမြားကို စစ်ကားထဲမှ သိမ်းဆည်းရမိခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီယာဉ်တန်းသည် မတူပီ-မင်းတပ် ၁၀၄ မိုင်ကွာဝေးသည့် ခရီးကို ၁၈ ရက်ကြာမှ မင်းတပ်မြို့ ၂၇၄ တပ်ရင်းသို့ရောက်ရှိခဲ့ပြီး လမ်းတလျှောက်တွင်လည်း CDF မင်းတပ်၏ မိုင်းဆွဲ ပစ်ခတ်မှု များကြောင့် အသေဆုံးများပြားခဲ့ကြောင်းလည်း သိရသည်။

ပုံစာ - မင်းတပ်ဂေါက်ကွင်းတိုက်ပွဲအတွင်း ဒေသခံကာကွယ်ရေးတပ်(CDF-မင်းတပ်)က စစ်ကားများပေါ်မှ သိမ်းဆည်းရမိသည့် မူးယစ်ဆေးများ

#Mizzima

#စစ်ကောင်စီယာဉ်တန်း

#စိတ်ကြွဆေးအလွန်အကျွံသုံးစွဲ

#CDF_မင်းတပ်

#ချင်းပြည်နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly