ကလေးမြို့နယ်တောင်ပိုင်းရှိ PDF စခန်းကို စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ် ထိုးစစ်ဆင်

ကလေးမြို့နယ်တောင်ပိုင်းရှိ PDF စခန်းကို စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ် ထိုးစစ်ဆင်

မေ ၁၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိစခန်းကို မေလ ၁၄ ရက် နံနက် ၁၀ နာရီတွင် စစ်ကောင်စီတပ် က လေကြောင်းမှပစ်ခတ်တိုက်ခိုက်ပြီး မြေပြင်ထိုးစစ်များပြုလုပ်နေကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF ထံမှသိရသည်။

“ဒီကနေ့မနက် ကလေးတောင်ပိုင်းမှာရှိတဲ့ ကျနော်တို့တပ်စခန်းကို တိုက်လေယာဉ်နှစ်စီး ၊ Mi 35 ရဟတ် ယာဉ်တွေနဲ့ နာရီဝက်ကြာ လာပစ်သွားပါတယ်။ မြေပြင်မှာလည်း ထိုးစစ်တွေရှိပြီး ထိတွေ့ ပစ်ခတ်မှုတွေ ရှိနေပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကလေး) ဒေသခံတပ်ရင်း ရဲဘော်က မဇ္ဈိမ ကိုပြောသည်။

မိနစ် ၃၀ ခန့်ကြာ ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ ယခုအထိ အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထားပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများ မသိရသေးကြောင်းဆိုသည်။

လက်ရှိ ကလေးမြို့တောင်ပိုင်း နွားတောင်အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး မကြာသေးမီက စစ်ကောင်စီ တပ်များ လူနေအိမ် ၄၀၀ ခန့်အား မီးရှို့ခဲ့သည့် ရေရှင်ရွာမှ စစ်ဘေးရှောင်များလည်း တိုက်ပွဲအနီး ပိတ်မိ လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - ပုံအဟောင်း

#Mizzima

#ကလေးမြို့နယ်

#ရဟတ်ယာဉ်

#ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (ကလေး)

#နွားတောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly