ခင်ဦးမြို့နယ် မန်ကျည်းအုပ်ကျေးရွာက လူနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး

ခင်ဦးမြို့နယ် မန်ကျည်းအုပ်ကျေးရွာက လူနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး

မေ ၁၃

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ အနောက်ဘက် ကိုးမိုင်ခန့် အကွာရှိ မန်ကျည်းအုပ် ကျေးရွာမှ လူနေအိမ် ၂၀ ခန့်ကို စစ်ကောင်စီ တပ်သားများက မေလ ၁၂ ရက် နေ့လယ် ၂နာရီခန့်တွင် စတင်မီးရှို့ ခဲ့ကြောင်း ဒေသခံ ပြည်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

”ရေဦးကနေ စစ်ကောင်စီ တပ်သား ၁၀၀ လောက်က စစ်ကြောင်း နှစ်ကြောင်း ခွဲပြီး ခင်ဦးကို ဆင်းလာပါတယ် ။ ပထမ ကားဂိတ်ကျေးရွာ ကို ဝင်တယ် ။ ပြည်သူပိုင် နေအိမ် လေးလုံးကိုမေလ ၁၂ ရက် နံနက်ပိုင်း ၉နာရီမှာ ရှို့သွားတယ် ။ ဒုတိယ သရက်ပင်စု ရွာကိုဝင်တယ်။ ပြည်သူပိုင်နေအိမ် ငါးလုံးကို မေလ ၁၂ရက် နေ့လယ် ၁၂နာရီခွဲမှာ မီးရှို့တယ်။ မန်ကျည်းအုပ် ကျေးရွာ ကိုတော့ ညနေပိုင်း ၂နာရီခွဲမှာ စပြီး ရှို့တယ် ။ ပြည်သူပိုင်နေအိမ် အလုံး ၂၀ ခန့်ပါသွားတယ်”ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောသည်။

ခင်ဦးမြို့ နယ်ကို စစ်ကောင်စီတပ်က တပ်အင်အား ၂၅၀ ခန့် အထိပါရှိသည့် စစ်ကြောင်းဖြင့် နယ်မြေရှင်းလင်းရေး ပြုလုပ်နေသည်ဟု ဒေသခံထံက သိရသည်။

ယင်းစစ်ကြောင်းသည် ဒေသခံများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းကြောင့် ကျေးရွာ ငါးရွာခန့်မှ ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#ခင်ဦးမြို့နယ်

#မန်ကျည်းအုပ်ကျေးရွာ

#စစ်ကောင်စီတပ်ဖွဲ့

#မီးရှို့ဖျက်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly