ထန်းတပင်မြို့နယ် ဇရပ်ကြီးနယ်မြေရဲစခန်းအတွင်းမှ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အသက် ၁၄ နှစ် အရွယ်ကလေးငယ် သေဆုံး

ထန်းတပင်မြို့နယ် ဇရပ်ကြီးနယ်မြေရဲစခန်းအတွင်းမှ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အသက် ၁၄ နှစ် အရွယ်ကလေးငယ် သေဆုံး

မေ ၁၂

ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးနယ်မြေရဲစခန်းမှ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ရဲစခန်း အနောက်ဘက်ရှိနေအိမ်မှ အသက် (၁၄) နှစ်အရွယ် မောင်မျိုးမြတ်မိုးဆိုသည့် ကလေးငယ်သေဆုံးသွား ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ မေလ ၁၁ ရက် ည ၉ နာရီအချိန်ခန့်တွင် ရဲစခန်းအတွင်းသို့ ဓာတ်မီးဖြင့်ထိုးသည်ဟုဆိုကာ စခန်းအနောက်ဘက် လမ်းကြားအတွင်းရှိအိမ်သို့ ရဲတပ်သားတစ်ဦးက သေနတ်ဖြင့်နှစ်ချက်ပစ်ခတ်ခဲ့ ခြင်းဖြစ်သည်ဟု ဆိုသည်။

“ ရဲစခန်းနောက်ဖေးလမ်းကြားထဲက အိမ်ကို ဓာတ်မီးနဲ့လှမ်းထိုးတယ်ဆိုပြီး ပစ်လိုက်တာ။ ကလေးတစ် ယောက်ထိပြီး ဆုံးသွားပါတယ်။ ရဲစခန်းထဲကနေ နှစ်ချက်ပစ်လိုက်တာ သေချာကြားလိုက်ရတယ်။ မနက် အစောကြီး ပိုက်ဆံ ၁၅ သိန်းလာပေးတယ်တဲ့၊ ပိုက်ဆံမလိုချင်ဘူး ပစ်တဲ့လူပဲသိချင်တယ်ဆိုလို့ ရဲတွေ လည်း ပစ်တဲ့လူကိုပြောပြလိုက်တယ်တဲ့။ ကျန်တာ ဘယ်လိုဆက်ဖြစ်မလဲတော့ မသိဘူးဗျ။ အခုတော့ သူတို့အိမ်ရှေ့မှာ လမ်းပိတ်ထားပြီး ရဲတွေလည်းရှိနေတယ်” ဟု ဇရပ်ကြီးရွာတွင် နေထိုင်သည့် ဒေသခံ တစ်ဦးက မဇ္ဈိမကို ပြောသည်။

အသက် (၁၄)နှစ်အရွယ် မောင်မျိုးမြတ်မိုးသည် ပစ်ခတ်ခံရပြီးချိန်တွင် နေအိမ်၌သေဆုံးခဲ့ချင်းဖြစ်ပြီး ၎င်း ၏ရုပ်အလောင်းကို မေလ ၁၃ ရက်တွင် ဇရပ်ကြီးသုသာန်သို့ ပို့ဆောင်ကာ သင်္ဂြိုဟ်သွားမည်ဟုလည်း သိရသည်။

မေလ ၅ ရက်နေ့ကလည်း ထန်းတပင်မြို့နယ် ဇရပ်ကြီးရဲစခန်းမှူး မျိုးဝင်းထွန်း(ခ)ဗိုလ်ပိန်သည် ရွာရှိ လက်ဖက်ရည်ဆိုင်မှအပြန် ကားပေါ်တွင် ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ ပစ်ခတ်ရှင်း လင်းခြင်းခံခဲ့ရသည်။

#Mizzima

#ဇရပ်ကြီးနယ်မြေရဲစခန်း

#သေနတ်ဖြင့်ပစ်ခတ်မှု

#ကလေးငယ်သေဆုံး

#ထန်းတပင်မြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required