စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ နေအိမ်အား ရောင်းချရာ ၃ ရက်အတွင်း ဒေါ်လာ ၂,၀၀၀,၀၀၀ ရရှိ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ နေအိမ်အား ရောင်းချရာ ၃ ရက်အတွင်း ဒေါ်လာ ၂,၀၀၀,၀၀၀ ရရှိ

မေ ၉

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ နေအိမ်အားရောင်းချရာ သုံးရက်အတွင်း ဒေါ်လာ ၂,၀၀၀,၀၀၀( ဒေါ်လာ နှစ်သန်း) ရရှိကြောင်း NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

"၁၄/အင်းလျား အစုရှယ်ရာရောင်းအား ၇၂ နာရီ အကြာမှာ ဒေါ်လာ ၂,၀၀၀,၀၀၀ ပြည့်သွားပါပြီ။

တနည်းအားဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ အိမ်နဲ့ခြံမြေ၂၀ % ကို ပြည်သူက သုံးရက်အတွင်း ပြန်လည်သိမ်းပိုက်နိုင်လိုက်တာပါပဲ" ဟု ဦးတင်ထွန်းနိုင်ကပြောသည်။

နိုင်ငံတော်ပိုင်မြေဖြစ်သည့် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းလျားလမ်း၊ ခြံအမှတ် (၁၄) ရှိမြေနှင့်အိမ်အား NUG အစိုးရက လွန်ခဲ့သည့်သုံးရက်ကစတင် ရောင်းချခဲ့ခြင်းဖြစ်သည်။

ယင်းအိမ်နှင့်ခြံအား ဝယ်လိုအားမြင့်တက်လျက်ရှိရာ မူလရည်မှန်းထားသည့် ဒေါ်လာ ၁၀,၀၀၀,၀၀၀( ဒေါ်လာ ဆယ်သန်း ) ခေတ္တနှင့် ပြည်မီနိုင်ကြောင်း၊ ကမ္ဘာတစ်လွှား အရောင်းကိုယ်စားလှယ်များလည်း လက်မလည်နိုင်အောင် ရောင်းချပေးနေရကြောင်း ဦးတင်ထွန်းနိုင်က ဆက်လက်ပြောကြားသည်။

၁ ဒသမ ၆ ဧက အကျယ်အဝန်းရှိသည့် အဆိုပါမြေနှင့်အိမ်မှာ ကာလပေါက်စျေး ဒေါ်လာ ၃၀,၀၀၀,၀၀၀ (ဒေါ်လာ သန်း ၃၀ )တန်ကြေးရှိသော်လည်း NUG အစိုးရက ဒေါ်လာ ၁၀,၀၀၀,၀၀၀ (ဒေါ်လာ ၁၀ သန်း)ဖြင့် တန်ဖိုးဖြတ်ကာ အစုရှယ်ယာ ၁၀၀,၀၀၀ တိတိရောင်းချနေခြင်းဖြစ်သည်။

အစုရှယ်ယာ တစ်စုလျှင် ၁၀ ဒေါ်လာ သတ်မှတ်ထားသည်။

#Mizzima

#ရန်ကုန်တိုင်း

#ကမာရွတ်မြို့နယ်

#အင်းလျားလမ်းခြံအမှတ်၁၄

#စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏နေအိမ်

#၁၄/အင်းလျားအစုရှယ်ရာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required