ကနီမြို့နယ် အလယ်ကျွန်းကျေးရွာ အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၍ ၄ ဦးသေဆုံး

ကနီမြို့နယ် အလယ်ကျွန်းကျေးရွာ အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၍ ၄ ဦးသေဆုံး

မေ ၈

စစ်ကိုင်းတိုင်း ၊ကနီမြို့တောင်ဘက် နှစ်မိုင်ခန့် အကွာရှိ အလယ်ကျွန်းကျေးရွာ အနီးတွင် စစ်ကောင်စီ တပ်သားများနှင့် ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KLG PDF) တို့ မေလ ၈ ရက် နံနက် ၈ နာရီ အချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိကြောင်း KLG PDF မှ ရဲဘော်တစ်ဦးက ပြောသည်။

”အလယ်ကျွန်းကျေးရွာကို ကနီက စစ်သားတွေက ရိက္ခာသွားပြီး ပို့ကြတာဗျ ၊ သတင်းရလို့ ကျနော်တို့ စောင့်နေခဲ့တယ် ၊ စစ်ကောင်စီ တပ်သား ၃၀ လောက်တော့ ရှိမယ်ဗျ ၊ စနိုက်ပါ နဲ့ ပစ်လိုက်တာက စစ်သား သုံးဦးနဲ့ ရှော့ဂန်း ထိတဲ့ စစ်သား တစ်ဦး ပေါင်းလေးဦးရဲ့ အလောင်းတွေကိုတော့ ပြန်မကောက်ကြဘူး ပစ်ထားခဲ့ကြတယ်” ဟု KLG PDF ရဲဘော် တစ်ဦးက ဆိုသည်။

အလယ်ကျွန်းကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူဒလန်ဆိုသူများ ကြောင့် အလယ်ကျွန်းကျေးရွာမှ စစ်ရှောင်နေရသည့် ပြည်သူများမှာ များစွာ အခက်အခဲ ရှိနေကြောင်း သိရသည်။

#ကနီမြို့နယ်

#အလယ်ကျွန်းကျေးရွာ

#စစ်ကောင်စီတပ်ဖွဲ့

#ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

#တိုက်ပွဲဖြစ်ပွါး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required