ပြင်ဉီးလွင်မြို့နယ်တွင် ချုံခိုတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး

ပြင်ဉီးလွင်မြို့နယ်တွင် ချုံခိုတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး

မေ ၇

မန္တလေးတိုင်း ပြင်ဉီးလွင်မြို့နယ် ဇီးပင်ကြီးအဆင်းတွင် ချုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ လေးဉီး သေဆုံးပြီး နှစ်ဉီးဒဏ်ရာရရှိသွားကြောင်း အနက်ရောင်သေမင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှ မေလ ၆ ရက် ယမန်နေ့က ကြေညာသည်။
“အောက်ကိုဆင်းလာမယ်လို့ ကျနော်တို့ ကြိုတင်သတင်းရထားတဲ့အတွက် စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ” ဟု အနက်ရောင်သေမင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဗိုလ်နောင်လေးမှ မဇ္စျိမကိုပြောသည်။
မေလ ၆ ရက် နံနက် ၅ နာရီ ၃၀ မိနစ်အချိန်တွင် စစ်ကောင်စီကားအား ကြိုတင်နေရာယူစောင့်ဆိုင်း၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဘက်မှ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
သေဆုံးဒဏ်ရာရသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြင်ဉီးလွင်သို့ ပြန်လည်သယ်ဆောင်သွားဖွယ် ရှိပြီး ၎င်းတို့ထုံးစံအတိုင်း သတင်းဖျောက်ထားလိမ့်မည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။
ယင်းပစ်ခတ်တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်များသည့် လမ်းများပိတ်ဆို့၍ ခရီးသွားများအား စစ် ဆေးလျက်ရှိကြောင်းသိရသည်။
အနက်ရောင်သေမင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဧပြီလ ၂၆ ရက်နေ့ကလည်း နွားထိုးကြီးဘက်တွင် ပျူစောထီးအဖွဲ့ဝင် ညိမ်းဇော်နှင့်တင်အောင်ဆိုသူအား ရှင်းလင်းခဲ့ပြီး ၎င်းတို့ထံမှ ပစ္စတိုနှစ်လက်အား သိမ်းယူခဲ့ကြောင်း သိရသည်။
#Mizzima
#ပြင်ဦးလွင်မြို့နယ်
#အနက်ရောင်သေမင်း
#ပြည်သူ့ကာကွယ်ရေးအဖွဲ့
#ချုံခိုတိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly