ရှမ်းတောင်ပိုင်းနှင့်မြောက်ပိုင်းတွင် မြေမြှုပ်မိုင်းနှင့် လက်နက် အကြွင်းအကျန်ကြောင့် အရပ်သား ၁၄ ဦး သေဆုံးပြီး ၄၅ ဦး ဒဏ်ရာရ

ရှမ်းတောင်ပိုင်းနှင့်မြောက်ပိုင်းတွင် မြေမြှုပ်မိုင်းနှင့် လက်နက် အကြွင်းအကျန်ကြောင့် အရပ်သား ၁၄ ဦး သေဆုံးပြီး ၄၅ ဦး ဒဏ်ရာရ

မေ ၇

ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းတွင် လေးလအတွင်း မြေမြှုပ်မိုင်းနှင့် လက်နက် အကြွင်းအကျန်ကြောင့် အရပ်သား ၁၄ ဦး သေဆုံးပြီး ၄၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အရပ်သားများသည် လုပ်ငန်းခွင်ဖြစ်သည့် တောတောင်ထဲသို့ သွားရောက်စဥ် လက်နက်ကိုင်တပ်ဖွဲ့များ ထောင်ထားသည့်မိုင်းများ နင်းမိခြင်းနှင့် စစ်ပွဲအတွင်း ကျန်ရှိခဲ့သည့် လက်နက်ကြီးများ ပေါက်ကွဲမှုကြောင့် သေဆုံး ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

ထိခိုက်သေဆုံးသူများထဲတွင် ငါးနှစ်အောက် ကလေးငယ်များလည်း ပါဝင်ပြီး ၎င်းကလေးငယ်များသည် မပေါက်ကွဲသေးသည့် လက်နက်ကြီးများကို ကောက်မိပြီး ဆော့ကစားရာမှ ပေါက်ကွဲကာ သေဆုံး ဒဏ်ရာရခဲ့သည်။

ဧပြီလထဲတွင် မြေမြှုပ်မိုင်းနှင့် လက်နက်ကြီး ပေါက်ကွဲမှုကြောင့် တစ်ဦး သေဆုံးကာ ခြောက်ဦး ဒဏ်ရာရခဲ့ပြီး မတ်လတွင် ရှစ်ဦး သေဆုံးကာ ၁၈ ဦး ဒဏ်ရာရခဲ့သည်။

အလားတူ ဖေဖော်ဝါရီလတွင် နှစ်ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရခဲ့ပြီး ဇန်နဝါရီလထဲတွင်လည်း သုံးဦး သေဆုံးခဲ့သည့် အပြင် ၁၄ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

မြေမြှုပ်မိုင်းနှင့် လက်နက်ကြီး ပေါက်ကွဲမှု​ ဖြစ်ပွါးခဲ့သည့် ဒေသများမှာ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ လားရှိုးနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ ရပ်စောက် စသည့်မြို့နယ်များ ဖြစ်သည်။

ဓာတ်ပုံ- မေလ ၅ ရက် ကျောက်မဲမြို့နယ် ပန်လင်ရွာမှာ မိုင်းထိဒဏ်ရာရသော ကလေးငယ်

#Mizzima

#ရှမ်းပြည်နယ်

#မြေမြှုပ်မိုင်း

#လက်နက်ကြီးပေါက်ကွဲမှု

#အရပ်သားသေဆုံးမှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly