ချမ်းဝန်မြို့တွင် ပြုလုပ်သည့် အကြိမ် (၆၀) မြောက် နွေဦးတော်လှန်ရေး ဆန္ဒပြပွဲ 

ချမ်းဝန်မြို့တွင် ပြုလုပ်သည့် အကြိမ် (၆၀) မြောက် နွေဦးတော်လှန်ရေး ဆန္ဒပြပွဲ 

တောင်ကိုးရီးယားနိုင်ငံ ချန်ဝန်းမြို့တွင် အကြိမ် (၆၀) မြောက် မြန်မာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး နွေဦးတော်လှန်ရေး ကိုးရီးယား-မြန်မာ ပူးပေါင်း ဆန္ဒပြပွဲကို ဒယ်ဂူးဘုန်းဘုန်း ဦးဆောင်၍ ယနေ့ ဧပြီလ ၂၄ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းဆန္ဒပြပွဲတွင် နွေဦးတော်လှန်ရေး အောင်မြင်မှု အားကောင်းနေပြီဖြစ်ကြောင်း ထောက်ပံ့ရေးအတွက် ပြည်တွင်း ပြည်ပရှိ မြန်မာနိုင်ငံသူ နိုင်ငံသားများ ပို၍ အရှိန်အဟုန် မြှင့်တင်သင့်ကြောင်း ဒယ်ဂူးဘုန်းဘုန်းက မိန့်ကြားခဲ့သည်။ 

ထို့အပြင် အနုပညာရှင်အများစု၏ ကျေးဇူးရှင်သည် ပြည်သူလူထုဖြစ်ကြောင်း စစ်ကောင်စီနှင့်ပူးပေါင်း၍ ပြည်သူလူထုကို အဆိပ်မခတ်ရန် လိုအပ်သည်ဟု ဟောပြောခဲ့ကြောင်း သိရသည်။
#တောင်ကိုးရီးယား
#ဒယ်ဂူးဘုန်းဘုန်း
#ချမ်းဝန်မြို့
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly