ပုလဲမြို့နယ် သီတင်းကျေးရွာရှိ နေအိမ် ၉၀ ခန့်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ပုလဲမြို့နယ် သီတင်းကျေးရွာရှိ နေအိမ် ၉၀ ခန့်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ဧပြီ ၂၁

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အနောက်မြောက်ဘက် ခုနစ်မိုင်ခန့် အကွာရှိ သီတင်းကျေးရွာကို စစ်ကောင်စီ တပ်က ဧပြီလ ၁၉ ရက် နေ့လယ် ၁ နာရီခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မီးရှို့မှုကြောင့် သီတင်းကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၉၀ ခန့် မီးလောင် ဆုံးရှုံးခဲ့ကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်က ပြောသည်။

"အင်အား ၁၀၀ ကျော်လောက် ပါဝင်တဲ့ စစ်ကောင်စီ စစ်ကြောင်း က ဧပြီလ ၁၉ ရက်နေ့ နေ့လယ် ၁ နာရီလောက်မှာ သီတင်းကျေးရွာရှိ နေအိမ် အလုံး ၉၀ ခန့်ကို အကြမ်းဖက် မီးရှို့ ဖျက်ဆီး ခဲ့ပါတယ်။ သီတင်းကျေးရွာ အနီးတွင်လည်း ထိတွေ့မှု အနည်းငယ် ရှိခဲ့တယ် ။ သီတင်းကျေးရွာ ကနေ လူသားဒိုင်း အဖြစ် ဖမ်းလာတဲ့ လူငယ် တစ်ယောက်ကိုတော့ ရက်ရက်စက်စက် သတ်ပစ်ခဲ့တယ်။ ကျန်တဲ့ လူသားဒိုင်း သုံးယောက်ကိုတော့ ပြန်လွှတ်ပေး ခဲ့တယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ကျေးရွာသို့ ဧပြီလ ၁၈ ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်ခဲ့၍ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

#Mizzima

#ပုလဲမြို့နယ်

#သီတင်းကျေးရွာ

#မီးရှို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required