နမ့်ဆန်တွင်ဖမ်းမိသည့် တရားသူကြီးအပါအဝင် ရှေ့နေနှင့် ဝန်ထမ်း ၉ ဦးအား လုံခြုံသည့်နေရာ၌ ကောင်းမွန်စွာထားရှိသည်ဟု TNLA ပြော

နမ့်ဆန်တွင်ဖမ်းမိသည့် တရားသူကြီးအပါအဝင် ရှေ့နေနှင့် ဝန်ထမ်း ၉ ဦးအား လုံခြုံသည့်နေရာ၌ ကောင်းမွန်စွာထားရှိသည်ဟု TNLA ပြော

ဧပြီ ၂၀

ဧပြီလ ၁၉ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်က ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသ နမ့်ဆန် မြို့နယ်အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ဖမ်းဆီးရမိခဲ့သည့် တရားသူ ကြီး သုံးဦးအပါအဝင် ရှေ့နေနှင့်ဝန်ထမ်းကိုးဦးကို လုံခြုံသည့်နေရာ၌ ထိန်းသိမ်းထားကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူမှာ ဦးမောင်မောင်အေး (ကျောက်မဲခရိုင် တရားသူကြီးချုပ်)နှင့် ဇနီး ဒေါ်ခင်ဌေးရီ၊ ဦးကောင်းဘုန်းနိုင် (နမ့်ဆန် တရားသူကြီး)၊ ဦးဇော်ဇော်ထက် (မန်တုံတရားသူကြီး)၊ ဦးမျိုးထက်ဇော် (နမ့် ဆန် ဥပဒေအရာရှိ)၊ ဦးမြင့်ဇော် (နမ့်ဆန်မြို့နယ် ဦးစီးရုံးစာရေး)၊ ဦးဝင်းမြင့်အောင် (ရှေ့နေ အငှားလိုက်)၊ မဝင်းစံပယ်ဦး (ရှေ့နေ အငှားလိုက်)နှင့် မောင်ဝေပိုင်ဖြိုး (ကျောက်မဲခရိုင်ရုံး အငယ်တန်းစာရေး)တို့ ဖြစ် သည်။

TNLA မှ တာဝန်ရှိသူတစ်ဦးက “သူတို့ကို လုံခြုံတဲ့နေရာမှာ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထား ပါတယ်။ သူတို့ကို မေးမြန်းပြီးရင်တော့ ဘာဆက်လုပ်မလဲဆိုတာ စဥ်းစားရမယ်လေ” ဟု ရွှေဖီမြေ သတင်းဌာနသို့ ပြောဆိုထားသည်။

၎င်းတို့သည် နမ့်ဆန်မြို့ပေါ် တက်လာစဥ် တောင်မကျေးရွာလမ်းခွဲတွင် TNLA တပ်ဖွဲ့က မူးယစ်ဆေးဝါး စစ်ဆေးနေချိန် ဖမ်းဆီးခံရခြင်းဖြစ်သည်။

#Mizzima

#TNLA

#နမ့်ဆန်

#တအာင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required