မတ္တရာမြို့နယ် သဖန်းကိုင်းကျေးရွာကို စစ်ကောင်စီတပ် မီးရှို့

မတ္တရာမြို့နယ် သဖန်းကိုင်းကျေးရွာကို စစ်ကောင်စီတပ် မီးရှို့

ဧပြီ ၂၀

မန္တလေးတိုင်း၊ မတ္တရာမြို့ အရှေ့ဘက်ခြမ်းရှိ သဖန်းကိုင်းကျေးရွာကို စစ်ကောင်စီတပ်က ဧပြီလ ၁၉ ရက် နံနက် ၃ နာရီခန့်တွင် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မီးရှို့မှုကြောင့် နေအိမ် ခုနစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

"စစ်ကောင်စီတပ်တွေ ကျနော်တို့ ရွာကို ရောက်တော့ တစ်ရွာလုံး ထွက်ပြေးရတာ၊ ရွာကို ရောက်ကတည်းက သေနတ်တွေ ဖောက်ပါတယ်၊ အိမ်တွေ မွှေတယ် လိုချင်တာတွေ ဖျက်ဆီးပြီးယူတယ်၊ မွှေနှောက်ပြီး ရှာထားတာ များ ရစရာကို မရှိအောင်ပါဘဲဗျာ၊ ဧပြီ ၁၉ ရက်နေ့ နံနက်ပိုင်း ၃ နာရီလောက်က စရှို့တာ မိနစ် ၃၀ ကျော်လောက်အထိဗျ၊ မီးရှို့ပြီး သေနတ်တွေ ဆက်တိုက် ဖောက်ပြီး ရွာကနေ ထွက်သွားကြတာ” ဟု ၎င်းက ဆိုသည်။

ယခင်ကလည်း သဖန်းကိုင်းရွာကို စစ်ကောင်စီတပ် အကြိမ်ကြိမ် ဝင်ရောက် စီးနင်းခဲ့ပြီး နေအိမ် ၁၀ လုံးကို မီးရှို့ခဲ့ကြောင်း သိရသည်။

#Mizzima

#မတ္တရာမြို့နယ်

#သဖန်းကိုင်းကျေးရွာ

#မီးရှို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly