CHU PDF မှ ကျဆုံးသွားခဲ့ရသည့် ရဲဘော် ၅ ဉီး၏ ရုပ်ကြွင်းအားများ ကောင်းမွန်စွာသင်္ဂြိုလ်ပြီးစီး

CHU PDF မှ ကျဆုံးသွားခဲ့ရသည့် ရဲဘော် ၅ ဉီး၏ ရုပ်ကြွင်းအားများ ကောင်းမွန်စွာသင်္ဂြိုလ်ပြီးစီး

ဧပြီ ၁၈

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်းပြုလုပ်ခဲ့သော စစ်အာဏာရှင်တိုက်ဖျက်ရေးဆန္ဒပြပွဲ မုံရွာသပိတ်စစ် ကြောင်း လုံခြုံရေးအတွက် ပွိုင့်ကင်းတာဝန်ထမ်းဆောင်ရင်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည့် ရဲဘော်ငါးဦး အား ကောင်းမွန်စွာသင်္ဂြိုလ်ပြီးစီးကြောင်း ချောင်းဉီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CHU PDF မှ ထုတ်ပြန်ထားသည်။

အရှင်ဖမ်းခံရပြီးနောက် ပစ်ခတ်ခံရသဖြင့် ရဲဘော် ဇွဲမန်အောင် (CDM ပြည်သူ့ကျန်းမာရေးကြီးကြပ် - ၂) ၊ ရဲဘော်မင်းသန့်ကျော် ၊ ရဲဘော်ရာဇာထွန်း ၊ ရဲဘော် နိုင်ဝဏ္ဏနှင့် ရဲဘော် မင်းခန့် (ခ) မိုးဒီ တို့သည် တာဝန် ထမ်းဆောင်ရင်း အသက်ပေးလှူ၍ မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း ဆိုသည်။

မုံရွာပင်မသပိတ်စစ်ကြောင်းသည် မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် မိနစ် ၂၀ ကြာ အောင်မြင်စွာ ဆန္ဒပြ ခဲ့ကြပြီးနောက် ဒလန်သတင်းပေးမှုကြောင့် မုံရွာ - ချောင်းဦးလမ်းပိုင်းတွင် လုံခြုံရေးယူပေးနေသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်ငါးဦးကို စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့မှ ဝင်ရောက်ပစ်ခတ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပစ်ခက်မှုကြောင့် ရဲဘော်ငါးဦးကျဆုံးခဲ့သည့်အပြင် AK သေနတ်တစ်လက်၊ ပွိုင့်တူးတူး တစ်လက် နှင့် ရီမုမိုင်းတစ်လုံးတို့ကို စစ်ကောင်စီက သိမ်းဆည်းသွားကြောင်း ဆိုသည်။

စစ်အာဏာရှင်စနစ် အမြတ်ဖြတ်ချေမှုန်းရေးတွင် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားအတွက် တိုက်ပွဲဝင် ရင်းကျဆုံးခဲ့ရသဖြင့် မိသားစုနှင့် ထပ်တူထပ်မျှ ဆို့နင့်ကြေကွဲဝမ်းနည်းရကြောင်း အာဇာနည်ရဲဘော်များ ဆောင်ရွက်လက်စဖြစ်သော စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေးတာဝန်အား ဆက်လက်ထမ်းဆောင် တိုက်ပွဲဝင်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြသည်။

CHU PDF မှ ကျဆုံးသွားခဲ့ရသည့် ရဲဘော် ငါးဉီး၏ ရုပ်ကြွင်းအားများ ဧပြီလ ၁၈ ရက် ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ တွင် ကောင်းမွန်စွာသင်္ဂြိုလ်ပြီးစီးကြောင်း သိရသည်။

တောပုရွာမြောက်ပိုင်းအခြမ်းတွင်နေထိုင်သူများသည် ပျူစောထီးများဖြစ်ပြီး အင်အား ၇၀ ခန့်ရှိကာ စစ်တပ်မှ စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားကြောင်း ရွာအတွင်းနှင့်ပတ်ဝန်းကျင် ကျေးရွာ များအား လက်နက်ပြခြိမ်းခြောက်အနိုင်ကျင့်ခြင်း ပစ္စည်းများလုယူဖျက်ဆီးခြင်းများပြုလုပ်လျက် ရှိကြောင်း ဒေသခံများ ထံမှ သိရသည်။

#Mizzima

#CHU_PDF

#မုံရွာသပိတ်စစ်ကြောင်း

#မုံရွာ_မန္တလေးလမ်းမကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required