ရွာငံတွင် နိုင်ငံရေးအကျဉ်းသားအား စစ်ကောင်စီတပ် မိုင်းခွဲသတ်ဖြတ်

By စန်းကျိန်
14 April 2022
ရွာငံတွင် နိုင်ငံရေးအကျဉ်းသားအား စစ်ကောင်စီတပ် မိုင်းခွဲသတ်ဖြတ်

ဧပြီ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ရွာမရပ်ကွက်တွင် ဖမ်းဆီးထား သော နိုင်ငံရေးအကျဉ်းသား ကိုနိုင်( ခေါ်)ကိုကျားပေါက်အား စစ်ကောင်စီတပ်က ဧပြီလ ၁၁ ရက်နေ့တွင် မိုင်းခွဲ သတ်ဖြတ်ခဲ့ကြောင်းဒေသခံများထံက သိရသည်။

ကိုနိုင်(ခေါ်)ကိုကျားပေါက် မိုင်းခွဲသတ်ဖြတ်ခံရသောနေရာမှာ ရွာငံမြို့နယ် ရွာမရပ်ကွက်ရှိ ဒေါ်စုစုအေး ၏ နေအိမ်တွင်ဖြစ်သည်။ အိမ်ပိုင်ရှင်ဒေါ်စုစုအေးမှာ ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဝရမ်းထုတ်ခံရပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် နေအိမ်ချိတ်ပိတ်ခံခဲ့ရကြောင်း သိရသည်။

“ စစ်ခွေးတွေက အိမ်ရှင်ခိုးဝင်လာရင် မိုင်းပေါက်ကွဲအောင် ထောင်ထားတာလို့ သိရပါတယ်။ သူတို့ စစ် ကြောင်းထွက်ပြီး အပြန်အဝင်မှာ တမင်သက်သက် လူမဆန်စွာ ကိုကျားပေါက်ကို လုပ်ကြံသတ်ဖြတ်တဲ့ ဖြစ်ရပ်ပါဗျာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

မိုင်းခွဲသတ်ဖြတ်ခံရသူ ကိုနိုင်(ခေါ်) ကိုကျားပေါက်သည် ရွာငံမြို့နယ်၊ မြို့ကုန်းရပ်ကွက်တွင် နေထိုင်သူ ဖြစ်ပြီး လက်နက်ကိုင်ဆောင်မှုဖြင့် လွန်ခဲ့သည့်တစ်လခန့်ကတည်းက စစ်ကောင်စီ၏ဖမ်းဆီးခြင်းကို ခံခဲ့ရ သူဖြစ်သည်။

စစ်ကောင်စီသည် ချိတ်ပိတ်ထားသောဒေါ်စုစုအေး၏နေအိမ်တွင် စခန်းချနေထိုင်နေ၍ ၎င်းတို့ ဖမ်းဆီး ထားသူများအားစစ်ကြောရေးအသွင် ချုပ်နှောင်စစ်ဆေးနေသည်မှာ ကြာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါအိမ်သို့ အိမ်ပိုင်ရှင်ခိုးဝင်ခဲ့ပါက မိုင်းပေါက်ကွဲထိမိစေရန်အတွက် ရှော့တိုက်မိုင်း ထောင်ထားခြင်း ဖြစ်ကာ အချုပ်ခံထားရသူကိုနိုင်(ခေါ်)ကိုကျားပေါက်ကို ရှေ့မှဝင်ရောက်ရှင်းလင်းစေခြင်းဖြင့် မိုင်းပေါက် ကွဲကာသေဆုံးစေခဲ့ကြောင်း ဒေသခံများကပြောသည်။

ဧပြီ ၁၁ ရက်နေ့တွင်ပင် ရွာငံမြို့နယ်၊ ရနဲကျေးရွာအုပ်စု မင်းပလောင်ရွာတွင် စစ်ကောင်စီ တပ်အင်အား ၁၀၀ ခန့်ရှိသော စစ်ကြောင်းနှစ်ကြောင်းပူးပေါင်း၍ PDF များကို တောနင်းရှာဖွေခဲ့ပြီး ညဘက်အချိန်တွင် မင်းပလောင်ရွာအတွင်းမှ လူငယ် ၁၀ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။

#Mizzima

#ရှမ်းပြည်တောင်ပိုင်း

#ရွာငံ

#စစ်ကောင်စီတပ်

#မိုင်းခွဲသတ်ဖြတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly