"တောင်တန်းပြည်မ စုစည်းအားဖြင့် စစ်(၃)စစ်အားတိုက်ဖျက်ကြ" ပြောက်ကျားသပိတ်

"တောင်တန်းပြည်မ စုစည်းအားဖြင့် စစ်(၃)စစ်အားတိုက်ဖျက်ကြ" ပြောက်ကျားသပိတ်

ဧပြီ ၁၀

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် တစ်နေရာတွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြောက်ကျား သပိတ်ကို ယနေ့ ဧပြီလ ၁၀ ရက်နေ့တွင်ပြုလုပ်ကြသည်။

မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှဦးဆောင်၍ သင်္ဃန်းကျွန်းမြို့ နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ တာမွေမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)နှင့် ရေဘဝဲ(ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)တို့ ပူးပေါင်းကာ “တောင်တန်းပြည်မ စုစည်း အားဖြင့် စစ်(၃)စစ်အားတိုက်ဖျက်ကြ” စာသားပါ ဘန်နာကိုင်စွဲပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက် ရေး ကြွေးကြော်သံများ ကြွေးကြော်ကာ ပြောက်ကျားသပိတ် ပြုလုပ်ခဲ့ကြသည်။

#Mizzima

#မြောက်ဥက္ကလာပ

#ပြောက်ကျားသပိတ်

#စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly