ရွှေပြည်သာမြို့နယ်ရှိ စစ်ကောင်စီသတင်းပေး ဟု ဆိုသူကို ပြောက်ကျားတပ်ဖွဲ့ သတိပေးစာထုတ်

ရွှေပြည်သာမြို့နယ်ရှိ စစ်ကောင်စီသတင်းပေး ဟု ဆိုသူကို ပြောက်ကျားတပ်ဖွဲ့ သတိပေးစာထုတ်

ဧပြီ ၇

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ၊ တ/၁၆ ရပ်ကွက် ဧရာရွှေပြည် (၂) လမ်းတွင် နေထိုင်သော စစ်ကောင်စီ သတင်းပေးဟု ဆိုသူ ငထွေး (ခေါ်) ကိုထွေး ဆိုသူကို Free Tiger Ranger အဖွဲ့က သတိပေးစာ ထုတ်ပြန်သည်။

အဆိုပါစာတွင် ၎င်း၏ လုပ်ရပ်များအား ရပ်တန်းက ရပ်ရန်နှင့် လုပ်ရပ်များအား အလုံးစုံ သိရှိပြီး ဖြစ်၍ ဆက်လက် လုပ်ဆောင်နေပါက ၎င်း အပါအဝင် တစ်မိသားစုလုံးနှင့် ပုခက်တွင်း ကလေးပါ မကျန် ပြန်ပေးဆပ်ရမည် ဖြစ်ပြီး ယခု အကြိမ်သည် နောက်ဆုံးအကြိမ် သတိပေးခြင်း ဖြစ်သည်ဟု ဆိုထားသည်။

"သူ့ကြောင့် ပြည်သူတွေ၊ CDM တွေ ၊ရဲဘော်တွေ တော်တော် ဒုက္ခ ရောက်ခဲ့ရတယ်။ အဲ့ဒါကြောင့် ထုတ်ပြန်တာပါ"ဟု FTR အဖွဲ့ တာဝန်ရှိသူက ပြောသည်။

မတ်လ ၂၆ ရက် ကလည်း ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင် မြို့နယ် ဟုမ်းလမ်းနှင့် ထီးတန်းလမ်းရှိ ကာကွယ်ရေး တပ်ဖွဲ့များ နေထိုင်သော နေအိမ်များကို စစ်ကောင်စီက ဝင်ရောက် ဖမ်းဆီးခဲ့ပြီး ကာကွယ်ရေး အဖွဲ့ဝင် တစ်ဦး သေဆုံးကာ ခြောက်ဦး ဖမ်းဆီး ခံခဲ့ရသည်။

#Mizzima

#စစ်ကောင်စီသတင်းပေး

#သတိပေးစာ

#FreeTigerRanger

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly