ပဲခူးရိုးမအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ ၄ ဦးသေဆုံး

ပဲခူးရိုးမအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ ၄ ဦးသေဆုံး

ဧပြီ ၇

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်အတွင်းရှိ ပဲခူးရိုးမပတ်လမ်းအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်ကို ဧပြီလ ၆ ရက်နေ့ နံနက် ၆ နာရီ မိနစ် ၂၀ တွင် ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မှ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

တိုက်ခိုက်မှုကို တပ်ရင်း (၃၅၀၁) တပ်ခွဲ(၃) တပ်စုမှူးစနိုက်ပါဦးဆောင်သည့် YPDF တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး မရိုးခုံးကျေးရွာမြောက်ဘက် စိန်တောင်လမ်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Bago Region PDF အဖွဲ့မှတာဝန်ရှိသူတစ်ဦးမှ ပြောသည်။

“ရန်သူအင်အား ၅၀ လောက်နဲ့ ရိုးမထဲတက်လာတာကို မိုင်းဆွဲပြီးဝိုင်းပစ်တာပါ။ တကယ်တော့ တောင်ငူခရိုင်ဖက် ရိုးထဲကိုကျနော်တို့ စိုးမိုးနယ်မြေကြေညာထားပြီးသား။ သူတို့(စကစတပ်သားတွေ) ဝင်လာလို့ ချေမှုန်းတာပါ။ သစ်သမား တောတက်တဲ့သူတွေကိုလည်း စကစဘက်က သတိပေးထားတယ်”ဟု ၎င်းမှ ရှင်းပြသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ လေးဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာကာ ပြည်သူ့ ကာကွယ်ရေးအဖွဲ့မှ ထိခိုက်မှုတစုံတရာမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

#Mizzima

#YPDFတပ်ဖွဲ့

#BagoRegionPDF

#ပဲခူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required