ပုလောမြို့ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံရ

By ကိုရွှေမြိတ်
03 April 2022
ပုလောမြို့ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံရ

ဧပြီ ၃

မြိတ်ခရိုင် ပုလောမြို့ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဧပြီလ ၂ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်တွင် ဗုံးခွဲတိုက်ခိုက် ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“ပေါက်ကွဲမှု ကတော့ ညက တော်တော် ကြမ်းတယ်၊ ထိခိုက်မှု ကတော့ မရှိပါဘူး” ဟု မြို့ခံက ပြော သည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောာက် စစ်ကောင်စီတပ်များ လာရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးခွဲမှုကို မည်သည့် အဖွဲ့က ပြုလုပ်ကြောင်း ထုတ်ပြန်ခြင်း မရှိသေးပေ။

ပုလောမြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ထွေအုပ်ရုံး၊ မြို့နယ် တရားရုံး၊ အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးနေအိမ်တို့ တိုက်ခိုက်ခံရပြီးနောက် ယခု အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက် ခံရခြင်း ဖြစ်ကြောင်း သိရသည်။

#Mizzima

#ပုလောမြို့

#အုပ်ချုပ်ရေးမှူးရုံး

#ဗုံးခွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly