ခင်ဦးမြို့နယ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးဆိုသူများကို ဒေသခံကာကွယ်ရေးအဖွဲ့ တိုက်ခိုက်

ခင်ဦးမြို့နယ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးဆိုသူများကို ဒေသခံကာကွယ်ရေးအဖွဲ့ တိုက်ခိုက်

မတ် ၃၁

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ အနောက်ဘက် ၆ မိုင်ခန့်အကွာရှိ ပျဥ်ထောင်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ် နှင့် ပျူစောထီးပူးပေါင်း အဖွဲ့ကို မတ်လ ၃၀ ရက် ညနေ ၅ နာရီ ခန့်တွင် ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ များက ဒရုန်း ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ခင်ဦး PDFအဖွဲ့ထံမှ သိရသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ် ဘက်မှ တစ်ဦးသေဆုံးပြီး ငါးဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထ်ိအခိုက် အကျဆုံးမရှိ ဆုတ်ခွာ နိုင်ခဲ့ကြောင်း ခင်ဦး PDF ခေါင်းဆောင် တစ်ဦးက ဆိုသည်။

" ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့တာက ညနေ ၅ နာရီ လောက်မှာ၊ စစ်ကောင်စီ တပ်ဘက်က ဒရုန်းကို အဆက်မပြတ် ပစ်တာ မျိုးတွေ ရှိတယ် ၊ ကံကောင်းစွာပဲ ဒရုန်းလည်း အထိအခိုက် မရှိဘူး ၊ လိုချင်တဲ့ ပစ်မှတ်ကိုလည်း ထိထိရောက်ရောက် လုပ်နိုင်ခဲ့တယ်” ဟု ခင်ဦး PDF ခေါင်းဆောင် ကပြောသည်။

ပျဥ်ထောင်ရွာသည် စစ်ကောင်စီတပ် နှင့် ပျူစောထီးဆိုသည့်ပူးပေါင်းအဖွဲ့ များ အများစု နေထိုင်သော နေရာတစ်ခု ဖြစ်သည်ဟု သိရသည်။

#စစ်ကိုင်းတိုင်း

#ခင်ဦးမြို့နယ်

#စစ်ကောင်စီတပ်

#ပျူစောထီး

#ခင်ဦးPDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly