မုံရွာမြို့တွင် စစ်ဆေးရေးဂိတ်နှင့် စစ်ကောင်စီ ထုတ်ကုန်များ ရောင်းချသည့်ဆိုင် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ

မုံရွာမြို့တွင် စစ်ဆေးရေးဂိတ်နှင့် စစ်ကောင်စီ ထုတ်ကုန်များ ရောင်းချသည့်ဆိုင် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ

မတ် ၂၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ပေ (၈၀) လမ်းထိပ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်နှင့် ကျောက္ကာ လမ်းမပေါ်ရှိ စစ်ကောင်စီ ထုတ်ကုန်များ ရောင်းချသည့်ဆိုင်ကို လက်ပစ်ဗုံး တစ်လုံးစီဖြင့် မတ်လ ၂၆ ရက် ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

"အဲ့ဒီ စစ်ဆေးရေးဂိတ်က လမ်းသွားလမ်းလာ ပြည်သူတွေကိုလည်း နိုင်ထက်စီးနင်း လုပ်တယ်၊ အခု ဖောက်ခွဲတဲ့ ဆိုင်ကလည်း စစ်ဆေးရေးဂိတ်နဲ့ နီးနီးလေး၊ ဆိုင်ကယ်မောင်းပြီး ခွဲရတာ၊ စစ်ကောင်စီက ထိခိုက်မှုတော့ ရှိနိုင်တယ်" ဟု Unity Force Monywa-UFM အဖွဲ့ တာဝန်ရှိသူ ဗိုလ်အောင်ဆွဲ ကပြောသည်။

ယင်းတိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များ လာရောက် စစ်ဆေးခဲ့ကြောင်း Unity Force Monywa (UFM) နှင့် Brother Defense Force (BDF) အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မတ်လ ၂၄ ရက်နေ့ ကလည်း မုံရွာမြို့နယ်၊ သလ္လာရပ်ကွက်ရှိ ဆည်မြောင်းရုံးအား ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#Mizzima

#မုံရွာမြို့

#စစ်ဆေးရေးဂိတ်

#UnityForceMonywa (UFM)

#BrotherDefenseForce (BDF)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly