ဒုတပ်ရင်းမှူးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇ ယောက်ကို အရှင်ဖမ်းမိ

By သတင်းနှင့် မီဒီယာ ကွန်ရက်။
14 March 2022
ဒုတပ်ရင်းမှူးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇ ယောက်ကို အရှင်ဖမ်းမိ

၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်။

ကရင်ပြည်နယ် မူတြော်- ဖာပွန်ခရိုင်ထဲတွင် စစ်ကောင်စီ အခြေစိုက် တပ်ရင်းတစ်ရင်းကို ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ က တိုက်ခိုက်ခဲ့ရာ စစ်ကောင်တပ်ဖွဲ့ဝင် ၂၇ ယောက်ကို အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့သည်ဟု ကေအဲန်ယူ မူတြော် ခရိုင်က သတင်းထုတ်ပြန်ထားသည်။

ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မယ်ဝေ(မဲဝိုင်)အုပ်စု၊ မယ်ပေါ်ထာဘက်ကို ရိက္ခာသွားထုတ်ပြီး ပြန်လာတဲ့ ခြေလျင် တပ်ရင်း ခလရ ၉၇ တပ်ရင်းကို KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်များက မတ်လ ၁၁ ရက်နေ့က ကြားဖြတ် တိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၁ ဦးရှိသည်။ သေဆုံးသူများမှာ တပ်ကြပ် ကြီးတစ်ဦး၊ တပ်သားနှစ်ဦး ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိထားသူများထဲတွင် တပ်ခွဲမှူး ၂ ဦးနှင့် ဗိုလ်အဆင့်ရှိသူ တစ်ဦးလည်း ပါဝင်သည်ဟု သိရသည်။

အဆိုပါ ဒဏ်ရာ ရရှိသူများအပါအဝင် စုစုပေါင်း ၂၇ ယောက် ကို အရှင်ဖမ်းမိခဲ့သည်ဟု ကေအဲန်ယူ မူတြော် ခရိုင်က သတင်းထုတ်ပြန်ထားသည်။

ဒီတိုက်ခိုက်မှုကို KNU ဘက်က KNLA တပ်မဟာ ၅ ဗျူဟာမှူး ကိုယ်တိုင်ဦးဆောင်ခြင်း ဖြစ်သည်ဟုလည်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က RPG 7 ၂ လက်၊ K3 မော်တာ ၄ လက်၊ စနိုက်ပါ ၂ လက်၊ MA2 ၆ လက်၊ MA1 ၈ လက်၊ MA3 ၆ လက်အပါအဝင် ကျည်ဆံ နှင့် ဆက်စပ် စစ်ပစ္စည်း အမြောက်အများကို သိမ်းဆည်းရမိခဲ့ သည့်အပြင် လက်ကိုင်ဖုန်းနှင့် ကျပ်ငွေသိန်း ၃၀ ကျော်ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ကေအဲန်ယူ၏ မူတြော် ခရိုင် သတင်း ထုတ်ပြန်ထားသည်။

“မတ်လ (၁၁)ရက်နေ့၊ နံနက် ၁၁း၃၀မှ ညနေ ၁၇း၀၀ နာရီအထိ အမှတ်(၅)တပ်မဟာမှ အကြမ်းဖက် စစ်ကောင်စီအား (၅)နာရီကြာတိုက်ထုတ်ဖယ်ရှားမှုဖြစ်စဉ်အတွင်း သိမ်းပိုက်ရရှိခဲ့သည့်လက်နက်ခဲယမ်းများ” ဟုဆိုကာ KNU-Mutraw News ၏ လူမှုကွန်ရက်စာမျက်နှာ Facebook တွင် သတင်းဓါတ်ပုံများနှင့်အတွက် ထုတ်ပြန်ထားသည်။

တိုက်ပွဲံအတွင်း KNU/KNLA တပ်မဟာ ၅ ဘက်မှာတော့ ထိခိုက်ဒဏ်ရာ ရရှိသူ မရှိခဲ့သော်လည်း စစ်ကောင်စီ တပ်၏ အနီးအနားကျေးရွာများထဲ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required