ပုသိမ်ထောင်တွင်းတရားရုံးက ထောင်ဒဏ်ချမှတ်သည့် နိုင်ငံရေး အကျဉ်းသား ၁၉ ဦးအထိရှိ

ပုသိမ်ထောင်တွင်းတရားရုံးက ထောင်ဒဏ်ချမှတ်သည့် နိုင်ငံရေး အကျဉ်းသား ၁၉ ဦးအထိရှိ

ဖေဖော်ဝါရီ ၂၅

ဧရာ၀တီတိုင်း၊ ပုသိမ်အကျဉ်းထောင်တွင် မတရားဖမ်းဆီး ခံထားရသည့် နိုင်ငံရေး အကျဉ်းသားများအနက် အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး နှစ်ဦးကို ထောင်တွင်း တရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့သည်ဟု ရှေ့နေ အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံက သိရသည်။

ကျုံပျော်မြို့နယ်မှအမျိုးသား ၁၁ ဦး၊အမျိုးသမီး တစ်ဦး၊ကျောင်းကုန်းမြို့နယ်မှ အမျိုးသား သုံးဦး၊ပုသိမ်မြို့နယ်မှ အမျိုးသား နှစ် ဦး၊ ငပုတောမြို့နယ်မှ အမျိုးသမီး တစ်ဦးနှင့် အမျိုးသား တစ်ဦးတို့ကို စစ်ကောင်စီလက်အောက်ခံ

တရားသူကြီးများက ထောင်တွင်း တရားရုံးတွင်ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ရှေ့နေအသိုင်းဝိုင်းနှင့် နီးစပ်သူကပြောသည်။

"ပုသိမ်က အမျိုးသားတစ်ယောက်ကို ဖောက်ခွဲရေးပုဒ်မနဲ့ ထောင်ခုနှစ်နှစ်ချ

တယ်၊ ပြီးတော့ ငပုတောက အမျိုးသားကို သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု

ဥပဒေ ပုဒ်မ ၂၅ နဲ့ ထောင် တစ်နှစ်နဲ့ ငပုတောက အမျိုးသမီးကို ၅၀၅(က)နဲ့

နှစ်နှစ်ထောင်ချတာပါ။ကျန်တာတွေ အကုန်လုံးကို ၅၀၅(က)နဲ့ ထောင် သုံးနှစ်

စီ ချလိုက်တယ်လို့ သိရတယ်" ဟု ၎င်းကဆိုသည်။

၂၀၂၂ ခုနှစ်၊ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ညနေ ၂ နာရီတိတိတွင် ပုသိမ် အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဥ်းသားများက "အရေးတော်ပုံ အောင်ရမည်" ဟု သုံးကြိမ်ကြွေးကြော်ခဲ့သည်ဟု သိရပြီး ထိုသို့ ကြွေးကြော်ခဲ့သူများအနက် နိုင်ငံရေးအကျဉ်းသား ငါးဦးကို အကျဉ်းထောင် ဝန်ထမ်းများက တိုက်ပိတ်ထားသည်ဟု ၎င်းကပြောသည်။

ပုသိမ် အကျဉ်းထောင်တွင် အကြမ်းဖက် စစ်အုပ်စု မတရား အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါ ရီလ အထိ မတရား ဖမ်းဆီး ခံထားရသည့် နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော်ခန့် ရှိနေပြီဟု ပုသိမ် အကျဥ်းထောင်ဝန်ထမ်း၏ အဆို အရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly