ရန်ကုန်မြို့ ဘုရင့်နောင်လမ်းမပေါ်ရှိ KBZ ဘဏ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ

ရန်ကုန်မြို့ ဘုရင့်နောင်လမ်းမပေါ်ရှိ KBZ ဘဏ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ

ဖေဖော်ဝါရီ ၂၁

ရန်ကုန်မြို့၊ ဘုရင့်နောင်လမ်းမပေါ်ရှိ KBZ Bank ကို ဖေဖော်ဝါရီလ ၂၀ ရက် နေ့လယ် ၃ နာရီ ၂၀ မိနစ်တွင် လက်ပစ်ဗုံး နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြောက်ကျားအဖွဲ့ထံက သိရသည်။

"KBZ ဘဏ် ATM နဲ့ လုပ်ငန်းသုံးကား ပျက်စီးတယ်။ ကားကတော့ အနည်းငယ်သာ ထိခိုက်မှုရှိတယ်။ ATM စက် မှန်ကွဲ ပျက်စီးမူ အများအပြားရှိတယ်" ဟု Burma Phoenix Organization - BPO အဖွဲ့ တာဝန်ရှိသူက ပြောသည်။

"အသံကြားလိုက်တယ်။ ရုံးပိတ်ရက် ဆိုတော့ လူထိခိုက်မှုတော့ မကြားဘူး။ ATM စက်က မှန်တစ်ချပ်တော့ ကွဲသွားတယ်။ စစ်ကောင်စီက လာစစ်တာတော့ရှိတယ်” ဟု အနီးတွင်နေထိုင်သူ ဒေသခံက ပြောသည်။

KBZ ဘဏ် အနေဖြင့် စစ်ကောင်စီဘက်မှ ရပ်တည်၍ အများပြည်သူ အသုံးပြုနေသည့် ငွေစာရင်းများ ပိတ်သိမ်းမှု ပြုလုပ်နေသည့်အတွက် ယခုကဲ့သို့ သတိပေး တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အေးရိပ်မွန် (၄) လမ်းထိပ်ရှိ လ.ဝ.က ရုံးအနီးနှင့် မရမ်းကုန်းရှိ ရထားသံလမ်းတို့အား ၎င်းတို့အဖွဲ့က ဖောက်ခွဲဖျက်ဆီး ခဲ့သေးသည်။

#KBZBank

#ATM

#လက်ပစ်ဗုံး

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly