7 Star ဒိတ်ဒိတ်ကြဲ Night အမေရိကား ခရီးစဉ်တွင် ပါဝင်သူများ မေ ၆ ရက်တွင် ထွက်ခွာမည်

7 Star ဒိတ်ဒိတ်ကြဲ Night အမေရိကား ခရီးစဉ်တွင် ပါဝင်သူများ မေ ၆ ရက်တွင် ထွက်ခွာမည်

ရန်ကုန် (မဇ္ဈိမ)။ ။ 7Star ဒိတ်ဒိတ်ကြဲ Night အမေရိကား ခရီးစဉ်တွင် ပါဝင်မည့် အဆိုတော် ၇ ဦးသည် မေ  ၆ ရက် ည ၁၀ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အမေရိကန်နိုင်ငံသို့ ထွက်ခွာမည် ဖြစ်ပြီး မေလ ၉ ရက်တွင် ဆန်ဖရန်စ္စကို၌ စတင်ဖျော်ဖြေမည် ဖြစ်သည်။

7Star ဒိတ်ဒိတ်ကြဲ Night အမေရိကား ခရီးစဉ်တွင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုး၊ နန္ဒစိုင်း၊ Snare၊ သီရိဆွေ၊ မိစန္ဒီတို့ ပါဝင်ပြီး တစ်လကြာမြင့်မည့် နိုင်ငံခြား ဖျော်ဖြေရေး ခရီးစဉ်တစ်ခု ဖြစ်သည်။

7Star ဒိတ်ဒိတ်ကြဲ Night အမေရိကား ဖျော်ဖြေပွဲကို အမေရိကန်  မြို့ကြီး လေးမြို့တွင် ပြုလုပ်မည် ဖြစ်ပြီး မေလ ၉ရက်တွင် ဆန်ဖရန်စ္စကို၊ မေ ၁၆ ရက်တွင် လော့အိန်ဂျလိစ်၊ မေလ ၂၃ ရက်တွင် နယူးယော့ခ်မြို့ရှိ Albany ၊ မေလ ၃၀ ရက်တွင် New York City  တို့တွင် ဖျော်ဖြေမည် ဖြစ်သည်။

မေလ ၉ ရက်တွင် ဆန်ဖရန်စ္စကို၌ ပြုလုပ်မည့် 7Star ဒိတ်ဒိတ်ကြဲ Night အမေရိကား ဖျော်ဖြေပွဲ လက်မှတ်များကို အမေရိကန် ဒေါ်လာ ၄၅ နှင့် ၅၅ အပြင် (VIP) လက်မှတ်များကို အမေရိကန် ဒေါ်လာ ၁၀၀ သတ်မှတ ထားသည်။

7Star ဒိတ်ဒိတ်ကြဲ Night အမေရိကား ဖျော်ဖြေပွဲကို BMG & Eagle Presents မှ စီစဉ်ပြုလုပ်ပြီး မြန်မာနိုင်ငံမှ ပြည်တွင်း ပြည်ပ ရှိုးပွဲများ စီစဉ်လျက် ရှိသည့် ပွဲစီစဉ်သူ ကိုအီကြာကွေးမှ ဦးဆောင်ကာ သွားရောက်မည် ဖြစ်သည်။ အမေရိကား ဖျော်ဖြေပွဲသို့ သွားရောက်မည့် အဆိုတော်များသည် အမေရိကန် ဗီဇာကို ဧပြီ ၂၉ ရက်တွင် ရရှိခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်း ပြည်ပ ရှိုးပွဲများ စီစဉ်လျက်ရှိသည့် ပွဲစီစဉ်သူ ကိုအီကြာကွေးမှ ၂၀၁၅ ခုနှစ်ထဲတွင် ပြည်ပ ရှိုးဖျာ်ဖြေမှု သုံးပွဲစီစဉ်ထားပြီး 7Star ဒိတ်ဒိတ်ကြဲ Night အမေရိကား ဖျော်ဖြေပွဲသည် တတိယမြောက် ပြည်ပဖျော်ဖြေပွဲ ဖြစ်သည်။

အမေရိကား ဖျော်ဖြေပွဲသို့ သွားရောက်မည့် အနုပညာရှင်များသည် အမေရိကန်နိုင်ငံ၌ တစ်လကြာ သွားရောက် ဖျော်ဖြေမည် ဖြစ်ပြီး ဇွန်လဆန်းတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly