မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ စာရေးဆရာအသင်းမှဦးစီး၍ သက်ကြီးစာဆို ပူဇော်ပွဲအခမ်းအနား

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ စာရေးဆရာအသင်းမှဦးစီး၍ သက်ကြီးစာဆို ပူဇော်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂ ရက်၊ နံနက် ၁၀ နာရီတွင် ချမ်းမြသာစည်မြို့နယ်၊ ၆၀လမ်းနှင့် ၆၁လမ်းကြား၊ အောင်ဆန်းလမ်းတောင်ဘက်ရှိ အဆိုပါအသင်းရုံးတွင် ပြုလုပ်သည်။
ကန်တော့ခံ သကကြီးစာဆိုရှင်များမှာ အသက် ၈၀ နှစ်အထက်များဖြစ်ပြီး ဆရာကြီး နေပြည်တော် ကျော်သန်း၊ဆရာကြီး တက္ကသိုလ် မောင်ထွန်းဝေ၊ ဆရာကြီး မောင်ဆင်ခြင်နှင့်ဆရာကြီး   မောင်သိင်္ဂီ(ရွှေဘို)တို့ကို ပူဇော်ကန်တော့ခြင်းဖြစ်သည်။
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)