ဒိုက်ဦးမြို ့ဒရယ်မီးရပ်ကွက်မဲရုံအမှတ် ၁ ကြိုတင်ပြင်ဆင်နေပုံ

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဒိုက်ဦးမြို့ ဒရယ်မီးရပ်ကွက်တွင် မဲရုံ နှစ်ရုံ၊ မဲပေးခွင့်ရှိသူ ၃၄၂၁ ဦးရှိပြီး ဒိုက်ဦးမြို့တစ်မြို့လုံး အတိုင်းအတာဖြင့်မူ မဲရုံ ၁၇၂ ရုံ၊ မဲပေးခွင့်ရှိသူ ၁၁၂၅၁၈ ဦးရှိသည်။
ယင်းမဲဆန္ဒနယ်တွင် ပါတီ ရှစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ရှစ်ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ခြောက်ဦး၊ တိုင်း-၁ ခုနစ်ဦး၊ တိုင်း-၂ ခုနစ်ဦး၊ တိုင်းရင်းသား ခုနစ်ဦး၊ စုစုပေါင်း ၃၅ ဦး ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ (ဓါတ်ပုံ ဒီမိုးညို (ဒိုက်ဦး))