ခွပ်ဒေါင်းကြယ်ဖြူ အလှမီးပုံးများ ပြုလုပ်သည့်မြင်ကွင်း

သီတင်းကျွတ်လတွင် ကလေးများအတွက် ကစားစရာ အလှမီးပုံးလေးများကိုပြုလုပ်ရောင်းချနေပြီဖြစ်ရာ ၂၀၁၅ ခုနှစ် ၊အောက်တိုဘာ ၈ ရက်ကမန္တလေးမြို့ မဟာအောင်မြေမြို့နယ် ချမ်းမြသာစည်မြောက် ၈၄၀ ရပ်ကွက်ရှိ ဦးသော်၏ လုပ်ငန်းခွင်တွင် NLD ပါတီ၏အမှတ်သင်္ကေတဖြစ်သောခွပ်ဒေါင်းနှင့်ကြယ်ဖြူ အလှမီးပုံးလေးများ ပြုလုပ်နေသည်ကိုတွေ့ရစဉ်။ (ဓာတ်ပုံ-ဘိုဘို၊မဇ္ဈိမ)
"အရင်နှစ်တွေက လေယာဉ်ပျံ၊ ကား၊သင်္ဘောရုပ်လေးများကို ပြုလုပ်ခဲ့တယ်။ ဒီနှစ်မှာတော့ မန္တလေးတိုင်း NLD အောင်နိုင်ရေး အလှပြယာဉ်ကို ဓာတ်ပုံရိုက်ရင်းနဲ့ ခွပ်ဒေါင်းလေးကို မီးပုံးအဖြစ်နဲ့ ဖန်တီးဖို့ စိတ်ကူးရတာနဲ့ အကောင်အထည်ဖော်ခဲ့တာပါ။ ဒီခွပ်ဒေါင်းမီးပုံးလေးများကို ပြုလုပ်ခြင်းအတွက် ကျွန်တော့်အနေနဲ့ တာဝန်တစ်ခုကို ကျေပြွန်အောင် လုပ်ဆောင်လိုက်ရတယ်လို့လည်း ခံစားရပါတယ် ပီတိလည်းဖြစ်မိပါတယ်" လို့ မီးပုံးကို ဖန်တီးသူ ဦးသော်က မဇ္ဈိမကိုပြောသည်။
ခွပ်ဒေါင်းမီးပုံးလေးများကို ၂၂၀၀ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိသည်။