ရခိုင်ဂီတအစည်းအရုံး (ယာယီ) ကုန်လားတန်မြစ်ကြောတစ်လျောက်ရှိ ကျေးရွာများသို့ ကယ်ဆယ်ပစ္စည်းများ သွားရောက်လှူဒါန်း

ရခိုင်အဆိုတော်များ ပူးပေါင်းဖွဲ့စည်းထားသော ရခိုင်ဂီတအစည်းအရုံး(ယာယီ) က ကုန်လားတန်မြစ်ကြောတစ်လျောက်ရှိ ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် ကျောက်တော် မြို့နယ်များမှ ကျေးရွာ များသို့ ရေသန့်ဘူး၊ ဆန်၊ ဆီ၊ ကွေကာထုတ် စသည့် ကယ်ဆယ်ပစ္စည်းများကို စက်တင်ဘာလ ၁ ရက်နေ့က သွားရောက်လှူဒါန်းခဲ့သည့်အပြင် ရေဘေးသင့်ပြည်သူများ၏ စိတ်သောကများ၊ ကြောင့်ကြ စိုးရိမ်မှု များ၊ စိတ်အားငယ်နေမှုတို့ကို  ပြေပျောက်စေရန် ရခိုင်သီချင်းများဖြင့်လည်း ဖျော်ဖြေတင်ဆက်ပေးခဲ့ကြသည်။ (မဇ္ဈိမ/ DMG)