ဒေါ်အောင်ဆန်းစုကြည် စစ်တွေလေဆိပ်မှတဆင့် မောင်တောင်သို့ ထွက်ခွာ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ UEHRD ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ လေဆိပ်သို့ နိုဝင်ဘာလ ၂ ရက် မနက်ပိုင်းက ရောက်ရှိခဲ့ပါတယ်။ စစ်တွေလေဆိပ်မှာ ဒေသခံများနှင့် တွေ့ဆုံခဲ့ပြီးနောက် ထိုမှတဆင့် နေ့ချင်းပြန်ခရီးစဉ်အဖြစ် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောသို့ စစ်ဘက်ရဟတ်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရပါတယ်။ (ဓာတ်ပုံ - ညွှန့်ဝင်း၊ အီးပီအေ/အီးအက်ဖ်အီး)၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စစ်တွေကို သွားရောက်ခဲ့ပြီးနောက် ၁၄ နှစ်တာကာလအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် လာရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။