မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မင်းတုန်းချောင်းကူးတံတား(ရေနံ့သာ) ၏မြောက်ဘက် တံတားချည်း ကပ်လမ်းပေါ်သို့ချောင်းရေ များဖြတ်သန်းစီးဆင်း

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မင်းတုန်းချောင်းရေ ရေလျှံမှုဖြစ်ပွားခဲ့ရာ ရေနံ့သာကျေးရွာအနီး သရက်-ကံမ-ပြည် မော်တော်ကားလမ်းပေါ်ရှိ မင်းတုန်းချောင်းကူးတံတား(ရေနံ့သာ)၏ မြောက်ဘက် တံတားချည်းကပ်လမ်း ပေါ်သို့ ယနေ့နံနက်မှ စတင်၍ နေ့လည်ပိုင်းအထိ ချောင်းရေများ ဖြတ်သန်းစီးဆင်းလျှက်ရှိသည်။
အဆိုပါစီးဆင်းနေသော ချောင်းရေများမှာ တံတားကြမ်းခင်းကို ထိကပ်နေပြီး ချည်းကပ်လမ်းတာဘောင်ပေါ်တွင် အကျယ်ပေ ၂၀၀ ခန့် ဖြတ်သန်းစီးဆင်းကာ ရေစီးအလွန်ကြမ်းသဖြင့် မော်တော်ယာဉ်များ၊ ခရီးသွားလုပ်သားပြည်သူများ ဖြတ်သန်းသွားလာ၍ မရသည့် အတွက် ချောင်းရေလျော့ကျသွားမည့် အချိန်ကို စောင့်ဆိုင်းနေကြရကြောင်း သိရသည်။ (Credit- MOI)