လေးနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေး

သုံးကြိမ်မြောက် ကမ္ဘောဒီယား - လာအို - မြန်မာ - ဗီယက်နမ်(CLMV) ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို နေပြည်တော်ရှိ Hotel Royal ACEတွင် ဇူလိုင် ၂၈က ပြုလုပ်စဉ်(ဓာတ်ပုံ -မင်းမင်း၊ မဇ္ဈိမ)။ အစည်းအဝေးတွင် မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနဝန်ကြီး ဦးဌေးအောင်က ဘဘာပတိအဖြစ် တာဝန်ယူပြီး ကမ္ဘောဒီယားနိုင်ငံမှ ခရီးသွားလုပ်ငန်းဝန်ကြီး ဒေါက်တာသွန်ခွန်း၊ ဗီယက်နမ်နိုင်ငံ၏ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၊ ဗီယက်နမ်အမျိုးသားခရီးသွားလုပ်ငန်း အုပ်ချုပ်ရေးဌာန ဥက္ကဌ မစ္စတာ ငုရင်ဗန်တွင်းနှင့် လာအိုနိုင်ငံ၏ သတင်းအချက်အလက်၊ ယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး ပရော်ဖက်ဆာဒေါက်တာဘိုဆန်ခမ် ဘွန်ဒါရာတို့ တက်ရောက်ခဲ့ကြသည်။