UNFC အရေးပေါ် တိုးချဲ့ အစည်းအဝေး ကျင်းပ

ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ(UNFC) ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ်တိုးချဲ့အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ်လ ၂၄ ရက် နံနက် ၉ နာရီကျော်တွင် စတင်ကျင်းပနေသည်။
ထိုအစည်းအဝေးတွင် UNFC ဥက္ကဌ ဗိုလ်မှူးချုပ် အင်ဘန်လ၊ အတွင်းရေးမှူး ခူဦးရယ် တို့ အပါအဝင် အဖွဲ့ဝင်များ အားလုံးတက်ရောက်နေသည်။
သို့သော် ဒုဥက္ကဌ နိုင်ဟံသာသည် မွန်ပြည်သစ်ပါတီက ဦးဆောင်ကျင်းပနေသည့် ၂၁ ရာစုပင်လုံ အကြို မွန်အမျိုးသား ကွန်ဖရင့် တက်ရောက်နေသဖြင့် UNFC အစည်းအဝေးသို့ တက်ရောက်လာခြင်း မရှိကြောင်း သိရသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA) မှ တာပန်လလည်း UNFC ၏ တွဲဘက်အတွင်းရေးမှူး (၂) အနေဖြင့် တက်ရောက်နေကြောင်း သိရသည်။ (ဓာတ်ပုံ-ဖနိဒါ)