မန္တလေးမှ ရေးဘေးရှောင်များ နေရာအခက်အခဲဖြစ်နေ

မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေတက်၍ ရေလွတ်ရာသို့ ရွှေ့ပြောင်းလာသူများ နေထိုင်ရန် မြေနေရာ အခက်အခဲရှိကြောင်း ရွှေ့ပြောင်းလာသူတစ်ချို့က ပြောသည်။
ဧရာဝတီမြစ်ရေတက်၍ ရွှေ့ပြောင်းလာသောကျေးရွာများမှာ ပုသိမ်ကြီးမြို့နယ်အတွင်းမှဖြစ်ပြီး ရေဝန်း၊ ဝန်းခြံ၊ ကြံခင်း၊ သရက်တစ်ပင်၊ စက်ရိပ်၊ နန်းတော်ကျွန်း၊ ကံသစ်ကုန်း စသည့်ကျေးရွာများဖြစ်သည်။
ရွှေ့ပြောင်းလာသူများသည် နေထိုင်ရန်အတွက် သက်ဆိုင်ရာမှ လာရောက်ကူညီပေးမည်ကို မျှော်လင့်လျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့ ဧရာဝတီမြစ်ရေ မြင့်တက်မှုသည် မွန်းတည့် (၁၂)နာရီအချိန် တိုင်းတာမှုအရ စိုးရိမ်ရေမှတ် အထက် (၁.၃၈)ပေသို့ ရောက်ရှိနေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက သတင်းထုတ် ပြန်ထားသည်။ (ဓာတ်ပုံ-အောင်ကိုဦး)