ကချင်ပြည်နယ် မိုင်ဂျာယန်မြို့မှ အနည်းငယ် ဝေးသော အင်းခေါင်းပါ စစ်ရှောင်စခန်းကို ဇူလိုင် ၂၉ ရက်က တွေ့ရစဉ်

ကချင်ပြည်နယ် မိုင်ဂျာယန်မြို့မှ အနည်းငယ် ဝေးသော အင်းခေါင်းပါ စစ်ရှောင်စခန်းကို ဇူလိုင် ၂၉ ရက်က တွေ့ရစဉ်။ အဆိုပါစခန်းသို့ ရောက်ရှိရန် မိုင်ဂျာယန်မြို့မှ မော်တော်ယာဉ် ခရီးဖြင့် ၂ နာရီခန့် သွားရပြီး အဆိုပါစခန်းသည် ၂၀၁၁  ခုနှစ်တွင် ပေါ်ပေါက်လာခဲ့သည်။ လက်ရှိတွင် ရွာပေါင်း ၁၅ ရွာမှ လူဦးရေ ၁၇၀၀ ကျော် ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။ လူဦးရေမှာ အမျိုးသား ၇၆၂ ဦးနှင့် အမျိုးသမီး ၉၄၆ ဦးရှိကာ စာသင်ကျောင်းမှာ မူလတန်းမှ အလယ်တန်းအထိ သင်ကြားပေးလျက်ရှိသည်။
(ဓာတ်ပုံ - ခင်စုကြည်)