အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် သမ္မတဦးထင်ကျော် အလှူဒါနပြုလုပ်

ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ သမ္မတဦးထင်ကျော်ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့က နေပြည်တော်ကောင်စီ၊ ဇဗ္ဗုသီရိခန်းမဆောင်တွင် သံဃာတော်များအား ယနေ့နံနက် ၁၀နာရီအချိန်တွင် ဆွမ်းနှင့် လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းခဲ့သည် (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)၊
အဆိုပါ အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူးလှူဒါန်းသည့် အလှူဒါနတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်း တက်ရောက်ခဲ့သည်။