အာဇာနည်(၉)ဦးပုံနှင့် ဂျူလိုင်(၁၉)စာတန်းပါ ဗိုလ်ချုပ်အောင်ဆန်းပုံများ

၂၀၁၆ ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၆၉)နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၈ ရက် နံနက်ပိုင်းမှစတင်ကာ မန္တလေးမြို့ နဝရက်အိမ်ယာလမ်းသွယ်တွင် အာဇာနည်(၉)ဦးပုံနှင့် ဂျူလိုင်(၁၉)စာတန်းပါ ဗိုလ်ချုပ်အောင်ဆန်းပုံ များကို ဂရပ်ဖစ်တီပညာရှင် လူငယ် အုပ်စု (၂)စုမှရေးဆွဲ ကြစဉ်။
အာဇာနည်(၉)ဦး ဂရပ်ဖစ်တီပုံများကို မန္တလေးမြို့သားများဖြစ်ကြသော ကိုသန့်ဇင်( MC Prince )မှရေးဆွဲခြင်းဖြစ်ပြီး ဂျူလိုင်(၁၉) စာတန်းနှင့် ဗိုလ်ချုပ်အောင်ဆန်းပုံကို ကိုဇွဲကိုနိုင် နှင့် ကိုစည်သူအောင်တို့မှ ရေးဆွဲဂုဏ်ပြုကြခြင်းဖြစ်သည်။
(ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)