မင်းကွန်းဒေသရှိ ကျောက်တာ ကျေးရွာတွင် လုပ်ကိုင်လျှက်ရှိသော ရိုးရာကျောက်ပျဉ်လုပ်ငန်း

သနပ်ခါး ယဉ်ကျေးမှု ထွန်းကားသော မြန်မာနိုင်ငံတွင် ကျွဲကူးရေပါအနေဖြင့် ကျောက်ပျဉ်ယဉ်ကျေးမှုထွန်းကာရာ စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းဒေသရှိ ကျောက်တာ ကျေးရွာတွင် လုပ်ကိုင်လျှက်ရှိသော ရိုးရာကျောက်ပျဉ်လုပ်ငန်း အကြောင်းကို ဓာတ်ပုံများနှင့်တင်ပြပေးလိုက်ပါတယ်။ ရှေးဟောင်းသုတေသန မှတ်တမ်းများအရ မင်းကွန်းဒေသတွင်ရှိသော ကြီးလေးကြီးစာရင်းဝင် ကြက်ထောင့်ကန်တော်ကြီးကို ဘိုးတော်ဘုရားလက်ထက်မြန်မာသက္ကရာဇ် ၁၁၇၉၊ခရစ်နှစ် ၁၈၁၇ တွင်တူးဖော်ခဲ့သည်ဖြစ်ရာ အရပ်အမှတ်အသားနှင့် သမိုင်းမှတ်တမ်း ကွာခြားချက်ရှိသော်လည်း   ယေဘုယျအားဖြင့် သဲကျောက်ယဉ်ကျေးမှု ထွန်းကားရာ ကျောက်တာကျေးရွာသည် နှစ်ပေါင်း နှစ်ရာနီးပါးခန့်ရှိပြီဖြစ်သောရွာကြီးတစ်ရွာဟုယူဆနိုင်သည်။ အရင်ကတော့   လက်နဲ့အချောကိုင်ရတာ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကမှ စက်ကိုအသုံးပြုပြီး အချောကိုင်တယ်။ ပုံဖော်တဲ့ အပိုင်း ကိုတော့ ရှေးယခင်ကအတိုင်းပဲသံစို့၊ မကျည်းသားအနှစ် လက်ရိုက်တို့ကိုအသုံးပြုုပြီးလက်နဲ့ပြုလုပ်ကြပါတယ်။ ဦလေးတို့ ဘိုးဘေးတွေလက်ထက်ကတည်းက မင်းဝံတောင်ကနေ ကုန်ကြမ်းဖြစ်တဲ့သဲကျောက်ကို တူးပြီး ကျောက်ပျဉ်လုပ်လာကြတာ အခုဆိုရင် တွင်းဟောင်းတွေက ပေ ၂၀၀ အနက်လောက်အထိ   ရောက်ကုန်တော့ ဆက်ထုတ်လို့မရတော့ဘူး။ဒါကြောင့် ကန့်ဘလူနယ်ထဲက သဲကျောက်ကုန်ကြမ်း ကိုသယ်ပြီး သုံးနေရတာ နှစ်ပေါင်းသုံးလေးဆယ်  လောက်ရှိပြီးလို့ ကျောက်ပျဉ် လုပ်ငန်းလုပ်ကိုင်သူ   ဦးဖိုးသန်း မှ မဇ္ဈိမကိုပြောသည်။
ဓာတ်ပုံ ဘိုဘို မဇ္ဈိမ