မဘသ အဖွဲ့ အထူးအရေးပေါ်အစည်းဝေး ပြုလုပ်

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ မဘသ အဖွဲ့ မလိုအပ်တော့ဘူးဟု ပြောဆိုခဲ့မှုနှင့် မဘသ ဗဟိုဦးဆောင် ဆရာတော်များမှ အင်းစိန် ရွာမ ပရိယတ္တိ ကျောင်းတိုက်၌ ဇူလိုင်လ ၇ ရက်နေ့ နေ့လည်တွင် အထူးအရေးပေါ်အစည်းဝေး ပြုလုပ် လျက်ရှိသည်။
ယင်းအစည်းဝေးတွင် မဘသသည် တခြားဘာသာများအား စော်ကားရန်မဟုတ်ပဲ မဘသအဖွဲ့အား ပုဂ္ဂလိက အားဖြင့် ပုတ်ခတ်လာလျှင် ပုဂ္ဂလိက အနေဖြင့် ပြန်ဖြေရှင်းရန်လိုအပ်ပြီး တစ်ပါတီလုံး ပုတ်ခတ်လာပါက တစ်ပါတီလုံး ပြန်ဖြေရှင်းရမည်ဟု မဘသ ဗဟို ဥက္ကဋ္ဌ ရွာမ ပရိယတ္တိ ဆရာတော် ဘဒန္တ တိလောက ဘိဝံသက မိန့်ကြားခဲ့သည်။
ဓာတ်ပုံ - သူရ
သတင်းမျိုးသူအောင်