(၅၄)နှစ်မြောက် ဆဲဗင်းဂျူလိုင် အောက်မေ့ဖွယ်အခမ်းအနားနှင့် စာပေဟောပြောပွဲ

(၅၄)နှစ်မြောက် ဆဲဗင်းဂျူလိုင် အောက်မေ့ဖွယ်အခမ်းအနားနှင့် စာပေဟောပြောပွဲ ကို ၂၀၁၆ ခုနှစ် ဇူလိုင်လ ၇ ရက် နံနက်ပိုင်းက မန္တလေးရတနာပုံ တက္ကသိုလ် အတွင်းရှိ ပြည်ထောင်စုခန်းမဆောင်တွင် ကျင်းပပြုလုပ်စဉ်။ (ဓာတ်ပုံ ဘိုဘို မဇ္ဈိမ) ၎င်းအခမ်းအနားကို ရတနာပုံကျောင်းသားသမဂ္ဂ မှ ဦးဆောင်ပြုလုပ်ကာ တရားဝင် ပထမ ဆုံးပြုလုပ်ခြင်းဖြစ်ပြီး စာရေးဆရာ မောင်မှိုင်းလွင်(အင်းဝ)နှင့် စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)တို့မှ ဟောပြောခဲ့ပြီး ဦးသုတ (ကထိက အင်္ဂလိပ်စာဌာန ရတနာပုံ တက္ကသိုလ် ဒုတိယဥက္ကဌ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ်)မှ အာဏာရှင် အစိုးရလက်ထက်တွေမှာတော့ဒီပွဲက မကျင်းပနိုင်ခဲ့ဘူး ဒါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အာဏရပြီးနောက်မှာ ပထမဆုံးကျင်းပတဲ့ပွဲဖြစ်ပါတယ်။ ဒီလိုပွဲမျိုး ပွဲဖြစ်တာ အင်မတန်ကောင်းပါတယ်   ကျောင်းသာတွေအနေနဲ့စည်းနဲ့ကမ်းနဲ့လုပ်တတ်သွားတယ် လုပ်တဲ့ကျောင်းသားတွေက အဖွဲ့အစည်းတစ်ခုကို သူတို့ဘယ်လို ဦးစီးဦးဆောင်ပြုမလဲဆိုတာကိုသိမယ်၊ ဒီလိုစာပေဟောပြောပွဲ လုပ်တဲ့အတွက် ရသစာပေရဲ့အခြေအနေနဲ့လက်ရှိ (7) ဂျူလိုင် ရဲ့သမိုင်းနဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့အကြောင်းတွေကို သိကြရတဲ့အတွက် အင်မတန်အလားအလာကောင်းတဲ့ ပွဲမျိုးတွေဖြစ်ပါတယ် ဟု မဇ္ဈိမကိုပြောသည်။