ရွှေမန်းတောင်ဂေါက်ကွင်းမှ ဂေါက်အိတ်ထမ်းလုပ်သားများ ဆန္ဒပြ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်အနီးရှိ ရွှေမန်းတောင်ဂေါက်ကွင်းမှ ဂေါက်အိတ်ထမ်းလုပ်သားများက အလုပ်သမားရပိုင်ခွင့် အခွင့်အရေးများ ဆုံးရှုံးနေသည်ဟုဆိုကာ ဇူလိုင် ၅ ရက် နံနက် ၉ နာရီတွင် ၂၆လမ်း၊ ကမ်းနားလမ်းထိပ် မြို့တော်ဥယျာဉ်ရှေ့မှစတင်ကာ မြို့ပတ်ခြောက်လမ်းသွား တာရိုးတစ်လျှောက်မှနေ၍ ၁၂ လမ်းထိပ်အထိ ချီတက်ဆန္ဒပြခဲ့သည်။
(ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)