အာဆီယံ စီးပွားရေးဆု မြန်မာနိုင်ငံမှ ကုမ္ပဏီ လေးခု ရရှိ

၂၀၁၅ ခုနှစ် မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် ASEAN Business Award အတွက် မြန်မာနိုင်ငံရှိ ကုမ္ပဏီ ၄ ခု မှ အနိုင်ရရှိခဲ့ပါသည်။ Young Entrepreneur of the Year ဆုကို မြန်မာ့သြဘာလုပ်ငန်း၏ Founder နှင့် Chairman ဖြစ်သူ ဦးသတိုးဟိန်း၊ ICT ကဏ္ဍအတွက် ASEAN Business Awards ကို MIT ကုမ္ပဏီ၊ Tourism ကဏ္ဍအတွက် ASEAN Business Awards ကို Myanmar Voyages ကုမ္ပဏီ နှင့် Woman Entrepreneur of the Year ဆုကို KBZ Group ၏ Vice Chairman ဖြစ်သူ ဒေါ်နန်းသန်းထွေး တို့မှ ရရှိခဲ့သည်။ မြန်မာ့ဂုဏ်ရည်ဆောင်နိုင်ခဲ့ကြသည့် အနိုင်ရရှိသူများအား ဂုဏ်ပြူသည့် အနေဖြင့် ညစာစားပွဲကို ပြည်ထောင်စုသမ္မတနိုင်ငံ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ဦးစီး၍  ဇွန်လ ၂၈ရက် နေ့တွင် ရန်ကုန်မြို့ရှိ Sedona Hotel ၌ ကျင်းပခဲ့သည်။ (ဓာတ်ပုံ- Today)