ဗုဒ္ဓသားတော်တို့၏ တစ်ရက်စာ

မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ၊ ဘာသာတရားပေါင်းစုံဖြင့် ငြိမ်းချမ်းစွာ စုပေါင်းနေထိုင်လျှက်ရှိကြသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်သည့်   နိုင်ငံလည်းဖြစ်သည့် အလျှောက် ဗုဒ္ဓဘာသာဝင် လူမျိုးတိုင်း ယုံကြည်ကိုးကွယ်ကြသည့် ဗုဒ္ဓမြတ်စွာဘုရား ပေးအပ်ခဲ့သည့် အမွေတော်အား သားစဉ်မြေးဆက် ဆက်ခံကြလျှက်ရှိပါသည်။ ဗုဒ္ဓဘာသာဝင်မိဘများမှ   မွေးဖွားလာကြသည့် သားယောင်္ကျားလေးတိုင်း၊ ကိုယ်အင်္ဂါချို့တဲ့မှုမရှိသည့် သူတိုင်းအား သာသနာ့အမွေပေးကမ်းကြသည့် ရိုးရာယဉ်ကျေးမှုသည် ရှေးခေတ်အဆက်ဆက်က ရှိခဲ့ဖူးသည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ဗုဒ္ဓဘာသာဝင် ယောင်္ကျားတိုင်းသည် ရှင်သာမဏေ၊ ရဟန်းခံ ကြရသည်မှာလည်း ဗုဒ္ဓဘာသာဝင်တို့ ကြည်နူးလှဘွယ်ကောင်းသည့် အစဉ်အလာတစ်ခုပင်ဖြစ်သည်။ ရှင်သာမဏေ သို့မဟုတ် ရဟန်းဘောင်တွင်းသို့ ဝင်ရောက်လာပြီဆိုပါက သာသနာဘောင် စည်းကမ်းနှင့်အညီ လုပ်ဆောင်ရမည့် အရာတစ်ချို့ကို မဇ္ဈိမဓာတ်ပုံသတင်းထောက် မျိုးသူရကိုကိုက မိုဘိုင်းဖုန်းဖြင့် မှတ်တမ်းတင်ထားသည်ကို ဖော်ပြလိုက်ပါသည်။