၂၀၁၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့

အစိုးရဝန်ထမ်းများ အများဆုံးနေထိုင်ရာ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ မြန်မာစာဖြေဆိုပြီး ပြန်လည်ထွက်ခွာလာသော ဒဿမတန်းကျောင်းသား၊ ကျောင်းသူများကို မတ်လ ၉ရက်က တွေ့ရစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)၊ ၂၀၁၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံအဝှမ်းရှိ ဒဿမတန်းကျောင်းသား၊ ကျောင်းသူများက မတ်လ ၉ရက်ကစကာ ဖြေဆိုနေကြပြီဖြစ်သည်။ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်ပေါင်း(၈)မြို့နယ်တွင် ၂၀၁၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူပေါင်း ၁၈၄၈၂ဦး ရှိသည်။