နိုင်ငံတကာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့ အနေနဲ့ အမျိုးသမီးများ အခမဲ့စီးနိုင်

နိုင်ငံတကာအမျိုးသမီးများနေ့ကိုကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ Lydia ပဋိသန္ဓေတားဆေးကုမ္ပဏီက အမျိုးသမီးထုအတွက် အခမဲ့ Taxi ဝန်ဆောင်မှုကို မတ်လ ၈ ရက်နေ့တစ်ရက်တာအတွင်း ကျွမ်းကျင်တဲ့အမျိုးသမီးယာဉ်မောင်းတွေကလိုရာခရီးကိုမောင်းပြီးပို့ဆောင်ပေးမှာဖြစ်ပါတယ်.အမျိုးသမီးယာဉ်မောင်း ၁၃ဦးအမျိုးသားယာဉ်မောင်း ၂ဦးပါဝင်တဲ့ စုစုပေါင်းTaxi ၁၅စီးဟာ ဒီနေ့ရန်ကုန်မြို့တွင်းကို စတင်ပြေးဆွဲနေပြီပဲဖြစ်ပါတယ်။
Taxi ငှားတဲ့အခါ အမျိုးသမီးနဲ့အတူ အမျိုးသားတစ်ဦးပါဝင်မယ်ဆိုရင်တော့အဲ့ဒီအမျိုးသားက ကျသင့်ငွေရဲ့တဝက်ကိုပေး ဆောင်ရမှာဖြစ်ပါတယ်။
(ဓာတ်ပုံ - ခင်စုကြည်)