၁၃၀၀ ပြည့်အရေးတော်ပုံ အခမ်းအနား ကျင်းပ

၁၃၀၀ ပြည့်အရေးတော်ပုံကာလအတွင်း တိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးစွန့်လွှတ်သွားကြသော မန္တလေးအာဇာနည် (၁၇) ဦးကို ချီတက်အလေးပြု ခြင်း၊လွမ်းသူ့ပန်းခွေချခြင်းအခမ်းအနားကို ၂၀၁၆ ခုနှစ် မတ် ၁ ရက်၊၁၃၇၇ ခုနှစ်၊တပို့တွဲလပြည့်ကျော်(၇)ရက် ကမန္တလေးမြို့ဦးပွားဘုရားကွင်းမှ သူကြွယ်ကုန်း၊တပ္ပဝတီရပ်ကွက် ရှိ အာဇာနည်ဗိမာန်အထိချီတက်ကျင်းပပြုလုပ်စဉ်။
ယခုအခမ်းအနားတွင်ဆရာတော်သံဃာတော်များ၊ ပြည်သူများနှင့် အဖွဲ့အစည်း ၂၀ ခန့်တို့မှ တက်ရောက်အလေးပြု ခဲ့ကြသည်။
(ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)