ဘာသာပေါင်းစုံအဖွဲ့မှတရားစွဲခံသူများ လဝက ဥပဒေဖြင့် ထောင်နှစ်နှစ်ချမှတ်ခံရ

လဝက အက်ဥပဒေ ပုဒ်မ ၁၃(၁) ဖြင့် တရားစွဲဆိုခံထားရသော ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့မှ ကိုဇော်ဇော်လတ်၊မပွင့်ဖြူလတ် နှင့်ကိုဇော်ဝင်းဘို တို့အား ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက် နေ့လည်ပိုင်းတွင်မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တရားရုံးက ထောင်နှစ်နှစ်ချမှတ်လိုက်သည်။
လဝက အက်ဥပဒေ ပုဒ်မ ၁၃(၁)အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၂)နှစ်ချမှတ်ခဲ့ကာ လျှော့ရက်များကို ခံစားခွင့်ပြုခဲ့ပြီး မတရာအသင်းဖြင့်ဆက်သွယ်မှုအတွက် နောက်ထပ်ရုံးချိန်းကို ၂၀၁၆ ခုနှစ် မတ်လ ၉ ရက်ကိုချိန်းဆိုလိုက်သည်။
၂၀၁၅ ခုနှစ် ဧပြီ ၁၄ ရက်မှ ၁၆ ရက်အထိ အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်သို့သွားရောက်လည်ပတ်သည့်အတွက် တရားစွဲဆိုခံရခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်က KIA ဌာနချုပ် လိုင်ဇာသို့ငြိမ်းချမ်းရေးခရီးစဉ်လမ်းလျှောက်ချီတက်ခဲ့သည့်အတွက် မတရားသင်း ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်
(ဓာတ်ပုံ-ဘိုဘို မဇ္ဈိမ)