"အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ လောကမာန်အောင်မြတ်စွာဘုရားတွင် သြဝါဒပါတိမောက်ရွတ်ဖတ်ပူဇော်ပွဲကျင်းပ"

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊အကွက်(၃၁)၊ ၇၃လမ်း၊ ၃ လမ်းထောင့်ရှိ လောကမာန်အောင်မြတ်စွာဘုရားတွင် ဖေဖော်ဝါရီလ ၂၁ ရက်၊ည ၈ နာရီက သြဝါဒပါတိမောက် အခါတော်နေ့အဖြစ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပလျှက်ရှိသည်။
အဆိုပါရွတ်ဖတ်ပူဇော်ပွဲကို ဖေဖော်ဝါရီလ ၂၁ ရက်မှစတင်၍ ဖေဖော်ဝါရီလ ၂၃ ရက်ထိ ကျင်းပသွားမည်ဖြစ်သည် ထိုသို့ပူဇော်ရွတ်ဖတ်ခြင်းကိုမြန်မာ သက္ကရာဇ် ၁၃၆၃ ခုနှစ်စတင်၍ ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ပူဇော်ရွတ်ဖတ်ပွဲ ဦးဆောင်ပြုလုပ်သူ ဦးချိုက ဆိုသည်။
ယခင်နှစ်များက ရွတ်ဖတ်ပူဇော်ပွဲကို မန္တလေးတောင်ခြေ၊ မိတ္ထီလာဆုတောင်းပြည့်မြတ်စွာဘုရားတွင် ကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ်မှသာ ဥပုသ်တော်ရပ်ကွက်၊ အကွက်(၃၁)ရှိ လောကမာန်အောင် မြတ်စွာဘုရားသို့ ပြောင်းရွှေ့ရွတ်ဖတ်ပူဇော်ခြင်းဖြစ်သည်။
ထိုရွတ်ဖတ်ပူဇော်ပွဲသို့ ရွှေပေါ်ကျွန်းသာသနာပြု၊ မိတ္ထီလာဆုတောင်းပြည့်မြတ်စွာဘုရား၊မေတ္တာပို့အဖွဲ့မှ ဦးဆောင်ပြုလုပ်ပြီး သြဝါဒ ပါတိမောက်ဒေသနာတော်များဖြစ်သည့် (၁) ခန္တီ ပရမံ တပေါ တိတိက္ခာ၊နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ၊နဟိ ပဗ္ဗဇိတော ပရူပဃာတီ၊နသမဏော ဟောတိ ပရံ ဝိဟေဋ္ဌယန္တော။(၂)သဗ္ဗပါပဿ အကရဏံ၊ကုသလဿ ဥပသမ္ပဒါ၊သစိတ္တ ပရိယော ဒါပနံ၊ဧတံ ဗုဒ္ဓါန သာသနံ။(၃)အနူပ ဝါဒေါ အနူပဏာတော၊ပါတိမောက္ခစ သံဝရာ၊မတ္တညုတာ စ ဘတ္တသ္မိ ံ၊ပန ္ထဉ္စ သယနာသနံ၊အဓိစိတ္တေစ အာယာဂေါ၊ဧတံ ဗုဒ္ဓါန သာသနံ။ကို ရွတ်ဖတ်ပူဇော်ခြင်းဖြစ်သည်။
(ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)