လေးရက်မြောက် UNFC အစည်းအဝေး စတင်ကျင်းပနေသည့် ဓါတ်ပုံုများ

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အရေးပေါ် အစည်းအဝေး စတုတ္ထနေ့ ဖေဖော်ဝါရီလ ၂၁ ရက်က ထိုင်းနိုင်ငံ ချ င်းမိုင်မြို့တွင် ကျင်းပနေသည်။  ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၀ ရက်ထိ သုံးရက်ကြာ ကျင်းပသော အရေးပေါ် အစည်းအဝေးတွင် အစိုးရသစ်နှင့် ငြိမ်းချမ်းရေးဆွေ့ဆုံဆွေးနွေးရေး ကော်မတီဖွဲ့စည်းခြင်း၊ TNLA နှင့် RCSS အကြား ကြားဝင်ညှိနှိုင်းပေးရေးကော်မတီ ဖွဲ့စည်းခြင်း၊ UNFC ၏ ဌာနဆိုင်ရာလုပ်ငန်းများ ပြန်လည် သုံးသပ်ခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ (ဓာတ်ပုံ-ဖနနိဒါ)